DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းတွင် ရုရှား တိုက်ခိုက်မှုကြောင့် ၁၂ ဦး သေဆုံး၊ အယောက် ၁၀၀ ကျော် ဒဏ်ရာရ
DVB
·
April 26, 2025
ယူကရိန်းတွင် ရုရှား တိုက်ခိုက်မှုကြောင့် ၁၂ ဦး သေဆုံး၊ အယောက် ၁၀၀ ကျော် ဒဏ်ရာရ
Donate to DVB

ရုရှားဟာ ဧပြီ ၂၄ ရက်က ယူကရိန်းဒရုန်းအများအပြားကို ပစ်ချခဲ့ပြီး ယူကရိန်းမြို့တော် ကိယက်ဗ်ကို တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၁၂ ယောက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနေ့ အစောပိုင်းကတည်းက ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ဘဲလ်ဂရော့ဒ်၊ ကာ့စ်ခ်၊ ဘရိုင်ယန့်စ်ခ်နဲ့‌ မော်စကို အပါအဝင် ဒေသအများအပြားမှာ ယူကရိန်းဒရုန်း စုစုပေါင်း ၈၇ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ရုရှားစစ်တပ်ဟာ ခါကိဗ်၊ ဇာပိုရစ်ချ်ဇီယာနဲ့ တခြားဒေသတွေကို ထိုးစစ်အများအပြား ဆင်နွှဲခဲ့ပြီး ယူကရိန်းစစ်တပ်လေဆိပ်တွေ၊ စစ်ဘက်စက်မှုလုပ်ငန်းတွေနဲ့ ဒရုန်းထုတ်လုပ်ရေး အလုပ်ရုံတွေလို ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

ယူကရိန်းလေတပ်ကလည်း ကြာသပတေးနေ့က ပြောကြားရာမှာ ရုရှားစစ်တပ်က ကိယက်ဗ် အပါအဝင် နေရာအများအပြားကို ဒုံးကျည်နဲ့ ဒရုန်း ပေါင်းစပ်တဲ့ အကြီးစားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းနဲ့ ယူကရိန်းက ပစ်မှတ် ၁၀၀ ကျော်ကို ပစ်ချခဲ့ကြောင်း ဆိုပါတယ်။

ကြာသပတေးနေ့ ၈ နာရီအထိ ယူကရိန်းတပ်မတော်ရဲ့ စစ်ဦးစီးချုပ်ရုံးက ပြောကြားရာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရှေ့တန်းနယ်မြေတွေမှာ တိုက်ပွဲပေါင်း ၁၆၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းဘက်က ပြောကြားချက်အရ ယူကရိန်းလေတပ်၊ ဒုံးကျည်တပ်ဖွဲ့တွေနဲ့ အမြောက်တွေဟာ ရုရှားရဲ့ စစ်သည်တပ်ဖွဲ့တွေ စုဝေးနေရာ ဧရိယာ ၁၀ ခု၊ လက်နက်တွေနဲ့ စစ်ပစ္စည်းကိရိယာတွေ၊ ဒရုန်းထိန်းချုပ်ရေးစခန်း ၂ ခု၊ အီလက်ထရွန်နစ် စစ်ဆင်ရေး ပလက်ဖောင်းတခု၊ အမြောက်စနစ် ၄ ခုနဲ့ အရေးကြီး အဆောက်အအုံတခုတို့ကို ထိမှန်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းရဲ့ တာတာစတန် သမ္မတနိုင်ငံရှိ ဒရုန်းစက်ရုံတရုံကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အခိုင်အမာ ဆိုပါတယ်။

ကြာသပတေးနေ့ ဒေသစံတော်ချိန် ၁ နာရီဝန်းကျင်လောက်က ကိယက်ဗ်မှာ ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားခဲ့ရပါတယ်။

ရုရှားဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရပြီးနောက်မှာ ကိယက်ဗ်မှာ အပျက်အစီးရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကြာသပတေးနေ့မှာ လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013