
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ စီးပွားရေးဟာ ဂျပန်နိုင်ငံကိုကျော်ပြီး ကမ္ဘာ့ စတုတ္ထမြောက် စီးပွားရေးအင်အား အကောင်းဆုံး ဖြစ်လာပါတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ အမေရိကန်စီးပွားရေးလေ့လာမှု ဗျူရိုရဲ့ ဖော်ပြချက်မှာ ကယ်လီဖိုးနီးယားရဲ့ တိုးတက်လာပုံကို ဖော်ပြထားတယ်လို့ မြို့တော်ဝန် ဂါဗင်နူဆမ်က ပြောပါတယ်။
အချက်အလက်တွေအရ ကယ်လီဖိုးနီးယားရဲ့ ထုတ်ကုန်တိုးတက်မှု GDP ဟာ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၄ ဒသမ ၁၀ ထရီလီယံအထိ ရှိတယ်လို့ ပြသထားပြီး ၄ ဒသမ ၀၁ ထရီလီယံရှိတဲ့ ဂျပန်နိုင်ငံကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဒီဖော်ပြချက်က ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိကန်၊ တရုတ် နဲ့ ဂျာမနီ ပြီးရင် စတုတ္ထနေရာကို ရောက်လာတာပါ။
နူဆမ်က “ကယ်လီဖိုးနီးယားဟာ ကမ္ဘာနဲ့အတူ ဖွံ့ဖြိုးတိုးတက်နေရုံသာ မဟုတ်ပါဘူး၊ ဖွံ့ဖြိုးမှုတွေကို ကိုယ်တိုင်ပြုလုပ်နေတာပါ” လို့ ပြောဆိုခဲ့ပါတယ်။
နူဆန်ရဲ့ ဖော်ပြမှုအသစ်တွေက ထရမ့်ပ်ရဲ့ ပြည်ပသွင်းကုန်ခွန် တိုးမြှင့်မှုနဲ့ ဆန့်ကျင်နေပြီး ပြည်နယ်ရဲ့ အနာဂတ်စီးပွားရေး အလားအလာကို စိုးရိမ်တယ်လို့လည်း ပြောဆိုထားပါတယ်။
ကယ်လီဖိုးနီးယားရဲ့ ကုန်ထုတ်လုပ်မှုနဲ့ လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှုဟာ အမေရိကန်နိုင်ငံမှာ အကြီးဆုံးပြည်နယ် ဖြစ်ပါတယ်။
ဒါ့အပြင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနဲ့ ကမ္ဘာ့ဗဟိုချက်ဖြစ်တဲ့ အကြီးမားဆုံး ဖျော်ဖြေရေးလုပ်ငန်းနဲ့ နိုင်ငံရဲ့ အကြီးဆုံး ပင်လယ်ဆိပ်ကမ်း ၂ ခုရှိတဲ့မြို့ ဖြစ်ပါတယ်။
အချက်အလက်အသစ်တွေအရ ကယ်လီဖိုးနီးယားဟာ GDP ဒေါ်လာ ၂၉ ဒသမ ၁၈ ထရီလီယံ ရှိတဲ့ အမေရိကန်နိုင်ငံ၊ GDP ဒေါ်လာ ၁၈ ဒသမ ၇၄ ထရီလီယံ၊ ဒေါ်လာ ၄ ဒသမ ၆၅ ထရီလီယံ ရှိတဲ့ ဂျာမနီတို့ရဲ့ နောက်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒါဟာ ဒီနိုင်ငံတွေအနက် ကယ်လီဖိုးနီးယားဟာ အမြန်ဆုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာကို ပြနေပါတယ်။
ဂျပန်နိုင်ငံဟာ သက်ကြီးရွယ်အို များပြားလာပြီး အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် နည်းပါးလာတာကြောင့် ဖိအားတွေ များလာပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံမှာ လူမှုစောင့်ရှောက်ရေး ကုန်ကျမှုများပြီး ကုန်ထုတ်လုပ်မှု နည်းပါးသွားတာလည်း တွေ့ရပါတယ်။
၁၉၆၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ကမ္ဘာ့ ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ ၂၀၁၀ မှာ တရုတ်နိုင်ငံရဲ့ ကျော်ဖြတ်တာကို ခံခဲ့ရပါတယ်။
၂၀၂၃ ခုနှစ်မှာ ဂျာမနီနိုင်ငံရဲ့ ကျော်တက်ခြင်းကိုပါ ခံခဲ့ရပြီး အဆင့် ၄ နေရာကို ရောက်နေတာဖြစ်ကာ ၂၀၂၆ လောက်မှာ အဆင့် ၅ နေရာက အိန္ဒိယနိုင်ငံရဲ့ ကျော်ဖြတ်ခြင်းခံရဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
Source : Reuters