စစ်ကိုင်းငလျင်ဘေးသင့် မြန်မာပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးအတွက် အရေးပေါ် ရန်ပုံငွေရှာပွဲကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၊ ကန်ဆိုင်းဒေသရောက် မြန်မာတွေက ဧပြီ ၁၃ ရက်က ကျင်းပခဲ့ပါတယ်။
မူလက “တော်လှန်သင်္ကြန်" အစီအစဉ်အဖြစ် စီစဉ်ထားပေမဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် အခုလိုပြောင်းလဲကျင်းပခဲ့တာဖြစ်ပါတယ်။
ရန်ပုံငွေပွဲမှာ စစ်ကိုင်းငလျင်ဓာတ်ပုံပြခန်းလည်း ခင်းကျင်းပြသထားပြီး မြန်မာအစားအစာနဲ့ ရန်ပုံငွေပစ္စည်းတွေ ရောင်းချတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ဂျပန်တော်လှန်ရေးမိတ်ဆွေတွေက အားပေးစကားပြောကြားတာ၊ တော်လှန်ရေး သီချင်းတွေ သီဆိုတာ၊ ကဗျာရွတ်ဆိုတာနဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲစတဲ့ အစီအစဉ်တွေကို ထည့်သွင်းကျင်းပခဲ့ ပါတယ်။
ရန်ပုံငွေပွဲကနေ ရရှိလာတဲ့ ငွေတွေကို ငလျင်ဘေးသင့်ဒေသတွေနဲ့ တော်လှန်ရေးအတွက် အထောက်အပံ့အဖြစ် ပေးပို့သွားမယ်လို့လည်း ပွဲစီစဉ်သူတွေဆီကနေ သိရပါတယ်။