DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေသည့် ခရိုနီလုပ်ငန်းရှင်များကို မြိတ်ပကဖက သတိပေး
DVB
·
April 25, 2025
စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေသည့် ခရိုနီလုပ်ငန်းရှင်များကို မြိတ်ပကဖက သတိပေး
Donate to DVB

ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရတဲ့သူတွေကို ရေလမ်းကနေ တဆင့်ပို့ ဆောင်ရာမှာ ပူးပေါင်းပါဝင်နေတဲ့ မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုတွေကို ဆက်လက်လုပ်ဆောင် နေပါက အရေးယူဆောင်ရွက်သွားမယ်လို့ မြိတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်စုဆောင်းခံရတဲ့သူတွေကို ရေလမ်းကနေတဆင့် ပို့ဆောင်ရာမှာ သီတာ၊ ငွေဇင်ယော်၊ ထူးထူးတိုး၊ ကိုဝေလင်း စတဲ့ မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုတွေ ပူးပေါင်းပါဝင်နေတယ်လို့  မြိတ်ပကဖရဲ့   ဧပြီ ၂၂ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိတယောက်က “သူတို့ရဲ့ အကျိုးစီးပွားအတွက်နဲ့ စကစရဲ့ ခိုင်းတိုင်းလုပ်ပြီး ပူးပေါင်းဆောင်ရွက်နေတာကို ရပ်တန့်ပြီး ဆက်လက်မလုပ်ဆောင်ဖို့ သတိပေးချင်တယ်။ ဆက်လက်လုပ်ဆောင်နေပါက ထိရောက်စွာအရေးယူသွားမယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရတဲ့ မြန်မာနိုင်ငံသား ၂၅၀၀ ကို မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုတွေက လိုင်းဖြူလှေတွေနဲ့ မြိတ်မြို့ရွှေဒူးတပ်၊ ကျွန်းစုရေတပ်စခန်းနဲ့ ပလောက်မြို့ရှိ တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းတွေဆီ အသုတ်လိုက်ပို့ဆောင်ပေးခဲ့တယ်လို့ မြိတ်ပကဖထံက  သိရပါတယ်။

ဒါ့အပြင် မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုတွေက ကော့သောင်းမြို့ကနေတဆင့် မြိတ်ကို စစ်ကောင်စီရဲ့လေယာဥ်ဆီတင်သွင်းရာမှာ လိုင်းဖြူလှေတွေနဲ့ ကူသယ်ပေးခဲ့တယ်လို့ မြိတ်မြို့နယ်ပကဖမှ တာဝန်ရှိတဦးက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မြိတ်ခရိုနီလုပ်ငန်းရှင်တွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမ ရှိပါဘူး။

၂၀၂၄ခုနစ်၊ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံဘက်က လစဥ်လွဲပြောင်းပေးခဲ့ပြီး နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်စုဆောင်းခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013