DVB Logo
Home
နိုင်ငံတကာ
မေ ၁ ရက်ကစ ထိုင်းအဝင် ဆိုက်ရောက်ကတ်ကို အွန်လိုင်းစနစ် ပြောင်းလဲမည်
DVB
·
April 23, 2025
မေ ၁ ရက်ကစ ထိုင်းအဝင် ဆိုက်ရောက်ကတ်ကို အွန်လိုင်းစနစ် ပြောင်းလဲမည်
Donate to DVB

မေလ ၁ ရက်က စပြီး ထိုင်းနိုင်ငံကို ဝင်ရောက်မယ့် နိုင်ငံခြားသားတွေအတွက် ထိုင်းနိုင်ငံ ဆိုက်ရောက်ကတ်ကို ဒီဂျစ်တယ်စနစ် ပြောင်းလဲလိုက်ကြောင်း ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး Immigration Bureau က ထုတ်ပြန်ကြေညာထားပါတယ်။

လေဆိပ်ကထွက်ခွာရင် ပေးတဲ့ Arrival Card (TM 6) အစား Digital Arrival Card အဖြစ် ပြောင်းလဲအသုံးပြုမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအဝင်မှာ လွယ်ကူချောမွေ့စေဖို့ TDAC (Thailand Digital Arrival Card for foreign) ကို ထိုင်းနိုင်ငံကို မထွက်ခွာမီ သုံးရက်အလိုမှာ အွန်လိုင်းကနေ မဖြစ်မနေ ကြိုတင်ဖြည့်ထားရမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကို ဘယ်လိုအကြောင်းကိစ္စမျိုးနဲ့မဆို လာရောက်သူတိုင်း ဖြည့်ရမှာဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းက လာရောက်သူတိုင်း ဖြည့်ထားဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကို လာရောက်သူရဲ့ ပတ်စပို့ပါအချက်အလက်၊ ပုဂ္ဂိုလ်ရေးအချက်အလက်၊ ခရီးသွားအချက်အလက်၊ ထိုင်းနိုင်ငံမှာ တည်းခိုနေရာ အချက်အလက်နဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တို့ ဖြည့်ရမှာ ဖြစ်ပါတယ်။

ကြိုတင်ဖောင် ဖြည့်ဖို့အတွက် https://tdac.immigration.go.th ကနေ ဝင်ရောက်နိုင်ပါတယ်။

Photo : Immigration Bureau

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013