DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် ဂါဇာတွင် လူ ၁၁,၀၀၀ ကျော် ပျောက်ဆုံးနေ
DVB
·
April 23, 2025
အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် ဂါဇာတွင် လူ ၁၁,၀၀၀ ကျော် ပျောက်ဆုံးနေ
Donate to DVB

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် စစ်ဒဏ်ခံနေရတဲ့ ဂါဇာကမ်းမြောင်မှာ လူပေါင်း ၁၁,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး အပျက်အစီးတွေအောက်မှာ အများအပြား ပိတ်မိနေမယ် ဒါမှမဟုတ် စာရင်းမပြုစုနိုင်သေးတာလို့ သိရပါတယ်။

ဂါဇာကမ်းမြောင်မှာ အပျက်အစီးတွေကို ရှင်းလင်းဖို့ လိုအပ်တဲ့ စက်ကိရိယာတွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး အကြီးစား စက်ယန္တရားအများစု ပျက်စီးတာ ဒါမှမဟုတ် လောင်စာဆီ ဆိုးဆိုးရွားရွား ပြတ်တောက်မှုကြောင့် ဘာမှ မဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ဂါဇာရှိ နေအိမ် ၉၂ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ အိမ်ခြေ ၄၃၆,၀၀၀ လောက်ဟာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အလုံးစုံပျက်စီးခြင်းနဲ့ တစိတ်တပိုင်း ပျက်စီးခြင်းတွေ ဖြစ်သွားပြီလို့ ဆိုပါတယ်။

စစ်ပွဲအတွင်း ကျန်ရစ်ခဲ့တဲ့ အပျက်အစီးက တန်ချိန် သန်း ၅၀ လောက်ကို ဖယ်ရှားဖို့က လက်ရှိ လိုအပ်တဲ့ အရင်းအမြစ်တွေ မရှိတာကြောင့် အနှစ် ၂၀ ကျော်လောက် အချိန်ယူရမယ်လို့ ကုလသမဂ္ဂ ခန့်မှန်းချက်တွေအရ သိရပါတယ်။

ပျောက်ဆုံးနေသူတွေရဲ့ အလောင်းတွေကို ပြန်ယူဖို့အတွက် အိမ်တွေက အပျက်အစီးတွေကို ဖယ်ရှားနေရပြီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ၇ ထပ်တိုက် အဆောက်အအုံထဲမှာ သေဆုံးခဲ့တဲ့ သားတယောက်ရဲ့ ရုပ်အလောင်းကို သူ့မိသားစုက တနှစ်နီးပါးကြာအောင် ပြန်မထုတ်ယူနိုင်သေးပါဘူး။

၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် ဧပြီလအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးသူ ၆၂,၀၀၀ ကျော်သွားပြီလို့ ပြည်တွင်း ပါလက်စတိုင်း သတင်းတွေမှာ ခန့်မှန်းကြပါတယ်။

အဲဒီထဲက အလောင်း ၅၁,၀၆၅ လောင်းကို ဆယ်ယူရရှိထားပြီး လူပေါင်း ၁၁,၀၀၀ ကျော်ကတော့ စာရင်းပျောက်နေတယ်လို့ ဆိုပါတယ်။

အပျက်အစီးတွေကို ဖယ်ရှားခြင်းနဲ့ ရုပ်အလောင်းတွေ ပြန်လည်ရရှိရေး နှောင့်နှေးနေခြင်းဟာ ထိခိုက်ခံစားရတဲ့ မိသားစုတွေအတွက် ကြီးမားတဲ့ ဒုက္ခကို ဖြစ်စေရုံသာမက ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံးနေရာတွေထဲမှာ တခုဖြစ်တဲ့ ဂါဇာမှာ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကိုလည်း ဖြစ်ပေါ်စေတယ်လို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013