
အီရန်နိုင်ငံဟာ စစ်ပွဲရှာနေတာမဟုတ်ဘဲ ဒေသတွင်း ကွဲပြားမှုတွေကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယံက ဧပြီ ၁၈ ရက် တီဟီရန်မြို့ရှိ ကျန်းမာရေးဝန်ကြီးဌာနကို ရောက်ရှိချိန်မှာ ပြောကြားခဲ့ပါတယ်။
“အီရန်ဟာ ကမ္ဘာကြီးနဲ့ ကွဲလွဲမှုတွေကို ဖြေရှင်းဖို့ ကြိုးစားနေတာဖြစ်ပြီး ဘယ်တုန်းကမှ စစ်ပွဲကို ရှာဖွေနေတာ မဟုတ်ဘဲ ကျွန်ုပ်တို့ဟာ အကြမ်းဖက်ဝါဒရဲ့ သားကောင်တွေ ဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။
အီရန်ရဲ့လမ်းတွေပေါ်မှာ အကြမ်းဖက်မှုရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ လူပေါင်း ၂၄,၀၀၀ ကနေ ၂၆,၀၀၀ ကျော်လောက် ရှိနေပြီး အစ္စရေးက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာလို့လည်း စွပ်စွဲခဲ့ပါတယ်။
အစ္စရေးဟာ ပြင်ပတိုက်ခိုက်မှု၊ နည်းပညာပိုင်း တိုက်ခိုက်မှုနဲ့ ဆိုရှယ်မီဒီယာတွေကနေ တဆင့် အကြမ်းဖက်ဝါဒကို ပွင့်ပွင့်လင်းလင်း ကျူးလွန်နေတာလို့လည်း ဆိုပါတယ်။
သူတို့လုပ်ချင်တိုင်းကို လုပ်နေတာဖြစ်ပြီး ဒါတောင် သူတို့က ဟိုမှာထိုင်ပြီး လူ့အခွင့်အရေးအကြောင်း ပြောနေကြသေးတာလို့လည်း ဆိုပါတယ်။
တီဟီရန်ဟာ ရောမမြို့မှာ စနေနေ့ပြုလုပ်မယ့် ထရမ့်ပ် အစိုးရနဲ့ ဒုတိယအကြိမ် နျူကလီးယား ဆွေးနွေးပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ အီရန်သမ္မတက ခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
Source : Reuters