
မန်ယူနည်းပြအာမိုရင်နဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက် အစစ်အမှန်ကို တောင်ပံကစားသမား အန်တိုနီက ထုတ်ဖော်ပြောဆိုသွားပါတယ်။
အန်တိုနီဟာ အာမိုရင် လက်အောက်မှာ ပွဲကစားခွင့် နည်းပါးခဲ့ပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာကြောင့် စပိန်ကလပ် ရီးရဲလ်ဘက်တစ်အသင်းဆီ အငှားချခြင်းခံခဲ့ရသူပါ။
နည်းပြအာမိုရင် လက်အောက်မှာ အဆင်မပြေဖြစ်ခဲ့ပေမဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိကြောင်းနဲ့ အာမိုရင်နဲ့ ဆက်ဆံရေးတိုတောင်းခဲ့ပေမဲ့ သူဟာ အလွန်တော်ပြီး အလွန်ကောင်းမွန်တဲ့ နည်းပြဖြစ်ကြောင်း အန်တိုနီကပြောပါတယ်။
စိန်ခေါ်မှုအသစ်တွေ လိုအပ်တာကြောင့် အငှားထွက်ကစားခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်နဲ့ နည်းပြအာမိုရင် အနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ အောင်မြင်မှုတွေ ရရှိပါစေကြောင်းလည်း အန်တိုနီက ဆန္ဒပြုခဲ့ပါတယ်။
ဘရာဇီးတောင်ပံကစားသမားဟာ ဘက်တစ်မှာ ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၄ ဂိုးသွင်း ၄ ကြိမ် ဂိုးဖန်တီးထားပါတယ်။