ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တို့မှာ ကျင်းပခဲ့တဲ့ တော်လှန်အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကနေ ဩစတြေးလျဒေါ်လာ ၃၀၅,၂၈၁ (ကျပ်သိန်းပေါင်း ၈၃၉၅) ရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၅ ရက် ဆစ်ဒနီ ဖျော်ဖြေပွဲကနေ ဩစတြေးလျ ဒေါ်လာ ၁၆၆,၅၀၈ ရရှိပြီး ဧပြီ ၁၂ ရက် မဲလ်ဘုန်းပွဲကနေ ဩစတြေးလျ ဒေါ်လာ ၁၃၈,၇၇၃ ရန်ပုံငွေ ရရှိခဲ့တာလို့ ဆိုပါတယ်။
ရန်ပုံငွေ အားလုံးကို နွေဦးတော်လှန်ရေးအတွက် လှူဒါန်းသွားမှာပါလို့ မဲလ်ဘုန်းပွဲ စီစဉ်သူတယောက်ဖြစ်တဲ့ မနွယ်နီက ပြောပါတယ်။
လတ်တလောခံစားနေရတဲ့ မြန်မာ့ငလျင်ဘေးအတွက်လည်း မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀ ကျော် ဖေးမထောက်ကူနိုင်ခဲ့တယ်လို့လည်းပြောပါတယ်။
အလှူငွေတွေမှာ ဆစ်ဒနီနဲ့ မဲလ်ဘုန်း ၂ မြို့လုံးက ပရိသတ်တွေ၊ အလှူရှုင်တွေ၊ စပွန်ဆာတွေ၊ အစားအသောက်ရောင်းချ လှူဒါန်းသူတွေ၊ လေလံပစ္စည်းလှူဒါန်းပေးသူတွေဆီက ရရှိခဲ့တယ်လို့ သိရပါတယ်။