DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် ချင်းဖိုက်တာ ဗန်၊ အဆိုတော် ဖြူဖြူကျော်သိန်းတို့နှင့် ပရိသတ်များ တွေ့ဆုံ
DVB
·
May 26, 2026
မလေးရှားတွင် ချင်းဖိုက်တာ ဗန်၊ အဆိုတော် ဖြူဖြူကျော်သိန်းတို့နှင့် ပရိသတ်များ တွေ့ဆုံ
1 / 8
Photo: LMS/ Chin Refugee Committee 
Donate to DVB

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းဖိုက်တာ ဂျော့ရှုဝါဗန်နဲ့ အဆိုတော်  ဖြူဖြူကျော်သိန်းတို့  ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။

ပူဒူးမြို့ ICC ဟောခန်းမမှာ မေ ၂၅ ရက် ည ၇ နာရီက ပြုလုပ်တဲ့ အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံသား အယောက် ၂,၀၀၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

မေ ၂၇ ရက်နေ့မှာတော့ ချင်းဒုက္ခသည်ကွန်မြူနတီ (Chin Refugee Community Malaysia) အဖွဲ့ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို အထူးဧည့်အနေနဲ့ တက်ရောက်ဖို့ရှိပြီး  မလေးရှားစံတော်ချိန် မနက် ၉ နာရီကနေ မွန်းလွဲ ၃ နာရီအထိ တကြိမ်နဲ့ ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ တွေ့ဆုံဖျော်ဖြေပွဲ ၂ ကြိမ် ပြုလုပ်မယ်လို့ သိရပါတယ်။

ဗန်ဟာဟာ အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့အခြေချမနေထိုင်ခင် မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ နေထိုင်ခဲ့ဖူးပြီး အခုတကြိမ်ဟာ ပထမဆုံးအကြိမ် မလေးရှားကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။

ဗန်ဟာ မလေးရှားနိုင်ငံကနေတဆင့် ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေတယ်လို့လည်း The Voice of Chinland ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013