DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် စစ်ရှောင်စခန်းပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်၊ အနည်းဆုံး ၁၀ ဦး သေဆုံး
DVB
·
April 17, 2025
ဂါဇာတွင် စစ်ရှောင်စခန်းပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်၊ အနည်းဆုံး ၁၀ ဦး သေဆုံး
Donate to DVB

ဂါဇာကမ်းမြောင်တောင်ဘက် ခန်ယိုးနစ်စ်မြို့ရှိ စစ်ဘေးရှောင် အိုးအိမ်မဲ့ မိသားစုတွေ နေထိုင်ကြတဲ့ ယာယီဒုက္ခသည်တဲစခန်းပေါ်ကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းဒေသခံ ကျန်းမာရေး အာဏာပိုင်တွေက ဧပြီ ၁၆ ရက်မှာ ပြောပါတယ်။

ရိုက်တာက ရရှိတဲ့ ဗီဒီယိုထဲမှာ စစ်ဘေးရှောင်တွေရဲ့ တဲတွေ မီးလောင်နေတာကို ပြသထားပြီး အရပ်ဘက်ကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့ တခြားလူတွေဟာ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းနေတာကိုလည်း မြင်တွေ့ရပါတယ်။

ဗုဒ္ဓဟူးနေ့က ဂါဇာကမ်းမြောင်ကို စစ်ရေးတိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၃၅ ယောက် သေဆုံးခဲ့ကြောင်း ဆေးပညာရှင်တွေက ပြောပါတယ်။

နောက်ထပ် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ပွဲကို မှတ်တမ်းတင်ခဲ့တဲ့ နာမည်ကြီး စာရေးဆရာနဲ့ ဓာတ်ပုံဆရာ ဖာတီမာ ဟက်ဆိုနာ အပါအဝင် လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ကျန်ဒေသတွေမှာ သီးခြား စစ်ရေးတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူတွေလည်း ရှိပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာမှာ သူ့တပ်ဖွဲ့တွေ လှုပ်ရှားနေပုံကို ပြသထားတဲ့ ဗီဒီယိုကို ဧပြီ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုတွေ ရပ်တန့်သွားခဲ့တာကြောင့် စစ်ပွဲကို အဆုံးသတ်ဖို့ ပြေလည်မှုရခဲ့ရင်တောင် အစ္စရေးတပ်တွေဟာ ဂါဇာမှာ သူတို့ဖန်တီးထားတဲ့ ကြားခံဇုန်တွေမှာ ဆက်လက်ရှိနေမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတွေ ပြန်လည်စတင်ချိန်ကစပြီး အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသအထိ ကျယ်ပြန့်တဲ့ ကြားခံ ‘လုံခြုံရေးဇုန်’ ကို ဖော်ထုတ်ခဲ့ပြီး ပါလက်စတိုင်း ၂ သန်းကျော်ကို တောင်ပိုင်းနဲ့ ကမ်းရိုးတန်းတလျှောက် သေးငယ်တဲ့ ဒေသတွေဆီ တွန်းပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်း သူ့ရဲ့လုပ်ငန်းဆောင်ရွက်မှု အကျဉ်းချုပ်ထဲမှာ အစ္စရေးစစ်တပ်က အခုခါ သေးငယ်တဲ့ ပါလက်စတိုင်းပိုင်နက်ရဲ့ ၃၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013