DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း ဒရုန်းအစင်း ၁၀၀ ကျော်ကို ရုရှား ပစ်ချ 
DVB
·
April 17, 2025
ယူကရိန်း ဒရုန်းအစင်း ၁၀၀ ကျော်ကို ရုရှား ပစ်ချ 
Donate to DVB

ယူကရိန်းဒရုန်း အစီးရေ ၁၀၀ ကျော်ကို ဖြိုခွင်းခဲ့ကြောင်း ရုရှားက ပြောကြားလိုက်ပြီး တနေ့တည်းမှာပဲ ယူကရိန်းကလည်း ရုရှားစွမ်းအင် စက်ရုံအများအပြားကို တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ တနင်္လာနေ့ညကနေ အင်္ဂါနေ့ မနက်အစောပိုင်းကြားမှာ ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဒရုန်းအစင်း ၁၀၀ ကျော်ကို ပစ်ချခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကာ့စ်ခ်ဒေသမှာ ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် လူ တယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိကာ အဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ စစ်မျက်နှာများစွာမှာ ဆက်လက် ချီတက်လာခဲ့ပြီး ယူကရိန်းသံချပ်ကာယာဉ်တွေ၊ မောင်းသူမဲ့ အမြောက်တပ်တွေနဲ့ တခြားပစ်မှတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံ ဘရိုင်ယန့်စ်ခ်၊ ကာ့စ်ခ်နဲ့ တခြားဒေသတွေရှိ အခြေခံအဆောက်အအုံနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ပြီး ဒေသခံတွေ လျှပ်စစ်ဓာတ်အားနဲ့ ဓာတ်ငွေ့အထောက်အပံ့တွေ ပြတ်တောက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။ 

တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ကလည်း အင်္ဂါနေ့မွန်းလွဲပိုင်းအထိ ရှေ့တန်းတလျှောက် တိုက်ပွဲတွေ ဒါဇင်နဲ့ချီပြီး ဖြစ်ပွားခဲ့ပြီး ရုရှားရဲ့ ရှေ့တိုးချီတက်လာမှုကို တားဆီးဖို့ ယူကရိန်းတပ်ဖွဲ့တွေက အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ယူကရိန်းနိုင်ငံ ဆူမီမြို့ကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ခြင်းနဲ့ဆက်စပ်နေတယ် လို့ ဆိုတဲ့ ရုရှားရဲ့ အမှတ် ၄၄၈ ဒုံးကျည်တပ်မဟာ အမြဲတမ်းအခြေစိုက်စခန်းကို ယူကရိန်းစစ်တပ်က တိုက်ခိုက်ခဲ့ကြောင်းလည်း ယူကရိန်းဘက်က ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013