DVB Logo
Home
နိုင်ငံတကာ
လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို အကာအကွယ်ပေးရန် သမ္မတ ထရမ့်ပ်အား တောင်းဆို ဆန္ဒပြ
DVB
·
April 16, 2025
လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို အကာအကွယ်ပေးရန် သမ္မတ ထရမ့်ပ်အား တောင်းဆို ဆန္ဒပြ
Donate to DVB

ထရမ့်ပ်အစိုးရက လူမှုဖူလုံရေး စီမံခန့်ခွဲရေး (SSA) အေဂျင်စီဝန်ထမ်းတွေကို ဖြတ်တောက်ပြီး SSA ရဲ့ ရုံးတချို့ကို ပိတ်လိုက်တာကြောင့် အမေရိကန်ပြည်ထောင်စုရှိ မြို့အသီးသီးမှာ ဆန္ဒပြသူတွေဟာ သူတို့ရဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေအတွက် အကာအကွယ်ပေးဖို့ ဧပြီ ၁၅ ရက်မှာ စုဝေး တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက လူမှုဖူလုံရေးဟာ ဒီနိုင်ငံရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး သက်ကြီးရွယ်အိုတွေ အတွက်သာမက မသန်စွမ်းသူတွေအတွက်လည်း ဖြစ်တာကြောင့် လူမှုဖူလုံရေး ရန်ပုံငွေဟာ သူတို့ရဲ့ လုပ်ခဝင်ငွေထဲက ထည့်ဝင်ထားတဲ့ သူတို့ရဲ့ကိုယ်ပိုင်ငွေ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

အီလွန်မတ်စ်ခ်ကို လူမှုဖူလုံရေးအစီအစဉ်ကနေ လက်ရှောင်လိုက်ဖို့လည်း ပြောဆိုပါတယ်။

လူမှုဖူလုံရေး ရန်ပုံငွေကို လာထိရင် သူတို့ကို ရုံးကနေ ထွက်သွားဖို့ မဲပေးကြမယ်လို့လည်း ဆိုပါတယ်။

ဒီမိုကရက်တစ် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က “လူမှုဖူလုံရေးဟာ အစိုးရအစီအစဉ်တခု ဆိုတာထက် ပိုသာလွန်တာ ဖြစ်ပြီးတော့ ဒါဟာ ကျနော်တို့ပေးခဲ့တဲ့ မြင့်မြတ်တဲ့ ကတိတခုပါ” လို့ ဇန်နဝါရီ ၁၅ ရက်က လူမှုဖူလုံရေးစီမံခန့်ခွဲရေး (SSA) အစီအစဉ်ကို ခုခံကာကွယ် ပြောကြားခဲ့ပါတယ်။

ဒါဟာ ဇန်နဝါရီလမှာ သမ္မတရာထူးက ထွက်ခွာသွားပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ ချီကာဂိုရှိ မသန်စွမ်းသူတွေကို မိန့်ခွန်း ပြောကြားခဲ့တာပါ။

ဘိုင်ဒင်က “အမေရိကန်နိုင်ငံသား ၇၃ သန်းဟာ သူတို့ရဲ့ ဘဝတခုလုံးအတွက် ပထမဆုံးလုပ်ခလစာက လူမှုဖူလုံရေးထဲကို ထည့်ဝင်ကြရကြောင်း၊ အပြန်အလှန်အားဖြင့် သူတို့လိုအပ်တဲ့အခါမှာ လူမှုဖူလုံရေးကို သူတို့အတွက် အားကိုးပါတယ်။ ကျနော်တို့က အဲဒီယုံကြည်မှုကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်သလို နောက်ပြန်ဆုတ်မှာလည်း မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

သူတို့က အရင်ပစ်ခတ်ပြီး နောက်မှ ချိန်ရွယ်နေတာလို့လည်း လူမှုဖူလုံရေးဝန်ထမ်းတွေကို အလုပ်ဖြတ်တောက်မှုအတွက် ထရမ့်ပ်ကို ဘိုင်ဒင်က အပြစ်တင် ပြောဆိုပါတယ်။

ထရမ့်ပ်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေကို လုံးဝထိမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ကတိပြုခဲ့တာပါ။

ဒါပေမဲ့ နည်းပညာ ဘီလီယံနာ အီလွန်မတ်စ်ခ်က ဦးဆောင်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE) က ဖက်ဒရယ်လုပ်သားအင်အားကို အကြီးအကျယ် ဖြတ်တောက်လိုက်တာကြောင့် ဘိုင်ဒင်ရဲ့မိန့်ခွန်းဟာ အမေရိကန်ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ အဓိက ပေါ်ထွက်လာခဲ့ပါတယ်။

မတ်လတုန်းက ဖက်ဒရယ်တရားသူကြီးတယောက်က အီလွန်မတ်စ်ခ်ရဲ့ လက်ထောက်တွေကို အေဂျင်စီရဲ့ ကွန်ရက်အတွင်းရှိ သန်းပေါင်းများစွာသော အမေရိကန်တွေရဲ့ ဒေတာတွေကို ပေးအပ်ခြင်းဖြင့် SSA ဟာ ကိုယ်ရေးကိုယ်တာ ဥပဒေတွေကို ချိုးဖောက်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပြီး နောက်ထပ် မှတ်တမ်းမျှဝေခြင်းကို ယာယီရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ အမှုကိစ္စကတော့ ဆက်ရှိနေတုန်း ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013