၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေထဲက အကောင်းဆုံး ၁၁ ယောက်ကို ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တဲ့ All Star အသင်းမှာ ကိပ်ဗာဒီဂိုးသမား ဗိုဇင်ညာက ဂိုးသမားအနေနဲ့ ပါဝင်လာပါတယ်။
ကိပ်ဗာဒီဟာ ချန်ပီယံ စပိန်နဲ့ ဆော်ဒီအသင်းကို ဂိုးမရှိ သရေကစားခဲ့သလို အာဂျင်တီးနားနဲ့ ရှုံးထွက်အဆင့်မှာလည်း မက်ဆီ အပါအဝင် အာဂျင်တီးနား တိုက်စစ်မှူးတွေရဲ့ ဂိုးကန်သွင်းချက်တွေကို အံ့အားသင့်လောက်အောင် ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဗိုဇင်ညာဟာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ပွဲမှာ ၂ ပွဲကို ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဂိုးပေါက်ကာကွယ်မှု ၁၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။ အဲဒီထဲမှာ အန္တရာယ်ရှိတဲ့ ဂိုးပေါက်ကာကွယ်မှုက ၆ ကြိမ် ပါဝင်ပါတယ်။
ကမ္ဘာ့ဖလား All Star အသင်းမှာ ဗိုဇင်ညာနဲ့အတူ နော်ဝေတိုက်စစ်မှူး ဟာလန်း၊ အမ်ဘာပေ၊ မက်ဆီတို့လည်း ပါဝင်ပါတယ်။











