DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းအတွက် ဒုံးခွင်းဒုံး စနစ်သစ် ၁၀ ခု ပံ့ပိုးပေးရန်  သမ္မတ ဇလန်းစကီး တောင်းဆို 
DVB
·
April 14, 2025
ယူကရိန်းအတွက် ဒုံးခွင်းဒုံး စနစ်သစ် ၁၀ ခု ပံ့ပိုးပေးရန်  သမ္မတ ဇလန်းစကီး တောင်းဆို 
Donate to DVB

ယူကရိန်းရဲ့ စစ်ဘက်မဟာမိတ်တွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးကို အာရုံစိုက်ဖို့နဲ့ ယူကရိန်းကို နောက်ထပ် ပက်ထရီရော့ ဒုံးခွင်းဒုံးစနစ် ၁၀ ခု ပံ့ပိုးပေးဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တောင်းဆိုလိုက်ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေ ပျောက်ကွယ်သွားတဲ့အထိ နေ့စဉ်နဲ့အမျှ ရုရှားအပေါ် ဖိအားတွေ တိုးမြင့်လာရမယ်၊ ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ ယူကရိန်းရဲ့ ကောင်းကင်၊ ကုန်းမြေနဲ့ ပင်လယ်ပြင် ကနေ ပျောက်ကွယ်သွားရလိမ့်မယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းကို စစ်ဘက်အထောက်အပံ့တွေ ပေးနေတဲ့ နိုင်ငံပေါင်း ၅၀ လောက်ပါတဲ့ ရမ်စတိန်းအဖွဲ့က ကျင်းပတဲ့ အစည်းအဝေးမှာ ယူကရိန်းခေါင်းဆောင်က ပြောလိုက်တာပါ။

သမ္မတ ဇလန်းစကီးက “တိုက်ပွဲတွေဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ အဆုံးသတ်ရမယ်။ စစ်မြေပြင်နဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ရုရှားအတွက် အခက်ခဲဆုံး အခြေအနေကသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လိုအပ်တာတွေကို လုပ်ဆောင်ဖို့ တွန်းအားပေးနိုင်ပါတယ်။ ရုရှားက ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အမေရိကန်ရဲ့ အဆိုပြုချက်ကို ပယ်ချခဲ့တာ တလတိတိ ပြည့်ခဲ့ပါပြီ” လို့ ဇလန်းစကီးက ပြောပါတယ်။

မကြာသေးမီက ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ လက်တွေ့ကျပြီး ထိရောက်တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တွေကို လက်ခံအကောင်အထည်ဖော်ဖို့ ရုရှားအစိုးရက အဆင်သင့် မဖြစ်သေးတာကို ပြသနေတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013