
အင်တာမိုင်ယာမီတိုက်စစ်မှူး ဆွာရက်ဇ်က အသင်းဖော် ယော်ဒီအယ်လ်ဘာကို ကိုက်ခဲ့တဲ့ ရုပ်သံ တခုဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ လာပါတယ်။
LAFC ကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကွန်ကာကပ်ဖ်ချန်ပီယံဖလားမှာ နှစ်ဖက် ကစားသမားတွေအချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် အသင်းဖော် အယ်လ်ဘာကို ဆွာရက်ဇ်က ထိန်းသိမ်းဖို့ကြိုးစားရင်း အယ်လ်ဘာရဲ့လက်ကို သွားနဲ့ကိုက်ခဲ့တာပါ။
ဆွာရက်ဇ်ဟာ ကစားသမားဘဝတလျှောက် အသင်းဖော်တွေနဲ့ ပြိုင်ဘက်ကစားသမားတွေကို သွားနဲ့ကိုက်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်တွေ အများကြီး ချမှတ်ခံခဲ့ရဖူးသူပါ။
၂၀၁၀ ပြည့်နှစ်က အိုင်ယက်စ်အသင်းဖော် ဘက်ကယ်ကို ကိုက်ခဲ့လို့ ၇ ပွဲ ပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသလို ၂၀၁၃ ခုနှစ်ကလည်း ချဲလ်ဆီးနောက်ခံလူဟောင်းအိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့လို ၁၀ ပွဲ ပယ်ခံခဲ့ရပါသေးတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလားပွဲစဉ်မှာ အီတလီနောက်ခံလူ ချီလီနီကို ကိုက်ခဲ့လို့လည်း ဖီဖာက ၄ လ ပွဲပယ်ချမှတ်ခဲ့ ပါတယ်။
Photo;Reuters