DVB Logo
Home
မြန်မာသတင်း
ပြစ်မှုကျူးလွန်သူများကို သေဒဏ်ပေး ကွပ်မျက်မှု ဥပဒေမဲ့ သတ်ဖြတ်ခြင်းဖြစ်ဟုဆို
DVB
·
April 13, 2025
ပြစ်မှုကျူးလွန်သူများကို သေဒဏ်ပေး ကွပ်မျက်မှု ဥပဒေမဲ့ သတ်ဖြတ်ခြင်းဖြစ်ဟုဆို
Donate to DVB

ကိုးကန့်နဲ့ ‘ဝ’ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို သေဒဏ် သတ်မှတ်ပြီး ကွပ်မျက်နေတာဟာ ဥပဒေမဲ့ သတ်ဖြတ်တာဖြစ်တယ်လို့  ဥပဒေပညာရှင်တွေက ပြောပါတယ်။ 

၂၀၂၄ အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း UWSA ၀ တပ်ဖွဲ့နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့က ထိန်းချုပ်လာနိုင်တဲ့ မြို့နယ်တွေမှာ လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှု၊ ခိုးမှု စတဲ့ ပြစ်မှုကျူးလွန်သူတွေကို မြို့ခံပြည်သူလူထုရှေ့မှောက်မှာ ပြစ်မှုပေါ် မူတည်ပြီး သေဒဏ် သတ်မှတ်ကာ၊ ကွပ်မျက်တာတွေ လုပ်လာတာဟာ ဥပဒေမဲ့ သတ်ဖြတ်တဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့  တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောပါတယ်။ 

မည်သူမဆို ပြစ်မှုကျူးလွန်သူလို့ စွတ်စွဲခံရရင် တရားရုံးတော်မှာ ဥပဒေအရ ရှေ့နေ ရှေ့ရပ် ငှားရမ်းပြီး ခုခံချေပခွင့် အပြည့်အဝရှိရမယ်လို့ ဆိုပါတယ်။ 

UWSA ‘ဝ’ တပ်ဖွဲ့နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ လက်ရှိ ကွပ်မျက်ခံရတဲ့သူတွေအနေနဲ့ ခုခံချေပပိုင်ခွင့်အတွက် ရှေ့နေငှားရမ်းခွင့် မရှိတာဟာ တရားစီရင်တဲ့ အဖွဲ့အစည်းတွေက လူအခွင့်အရေးကို ချိုးဖောက်နေတာလို့ တရားရေး CDM ဝန်ထမ်း ကိုမင်းလေး ပြောတယ်။

ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူတွေကို တရားရုံးတင် စစ်ဆေးတာ မဟုတ်ဘဲ ကွပ်မျက်တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ လူသားချင်းစားနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်တချိန်မှာ ကွပ်မျက်တဲ့ အဖွဲ့အစည်းကို နိုင်ငံတကာဥပဒေနဲ့ ပြန်လည် တရားစီရင်ခံရနိုင်တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူ ကိုရဲက ပြောပါတယ်။

လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ MNDAA ကိုးကန့်တပ်ဟာ ပြစ်မှုကျူးလွန်သူ ၈ ယောက်ထဲက ၆ ယောက်ကို ပြည်သူလူထုရှေ့မှောက်မှာ သေဒဏ်ချမှတ်ပြီး ဧပြီ ၁၀ ရက်က ကွပ်မျက်ခဲ့တာဟာ  တောရိုင်းဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြည်သူတယောက်ဖြစ်တဲ့ ကိုသီဟက ပြောပါတယ်။

UWSA ‘၀’ တပ်ဖွဲ့နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ တရားစီမှုပုံစံနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတရားရေးဌာနတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရသေးပါဘူး။  

စစ်တပ်က အာဏာသိမ်းတဲ့ ၄ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ဥပဒေမဲ့ စီရင်ချက်ချတာနဲ့ သတ်ဖြတ်တဲ့ လုပ်ရပ်တွေ မြင့်တက်နေတာဟာ စိုးရိမ်စရာဖြစ်လာတယ်လို့ ဥပဒေလေ့လာနေသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013