DVB Logo
Home
မြန်မာသတင်း
လဝါးရွာက စစ်ရှောင်ပြည်သူ ၅၀၀ ကျော် ဆေးဝါးနှင့် အစားအသောက် ခက်ခဲနေ
DVB
·
April 11, 2025
လဝါးရွာက စစ်ရှောင်ပြည်သူ ၅၀၀ ကျော် ဆေးဝါးနှင့် အစားအသောက် ခက်ခဲနေ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု၊ လဝါးရွာက စစ်ရှောင်ပြည်သူ ၅၀၀ ကျော် ဆေးဝါးနဲ့ အစားအသောက် အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “လဝါးရွာမှာ နေလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ စစ်ဘေး ခဏရှောင်နေတာပေါ့နော်။ အစားအသောက်တွေ ခက်ခဲနေပါတယ်။ အဝတ်တထည်၊ ကိုယ်တခုနဲ့ ထွက်လာကြတဲ့လူတွေ များတယ်ဆိုတော့ စစ်ရှောင်တွေဆိုတော့ အစားအသောက်၊ ဆေးဝါးတွေ လိုအပ်‌နေပါတယ်” လို့ ပြောပါတယ်။

လက်ရှိ လက်လှမ်းမီသလောက် သိရတာကတော့ စစ်ဘေးရှောင်သူတွေဟာ နမ္မတီးနဲ့ မိုးကောင်းမြို့တွေက နေရာ ၆ နေရာမှာ ယာယီခိုလှုံနေကြတယ်လို့ သူက ပြောပါတယ်။

နမ္မတီးဒေသခံတယောက်က “အိုမင်းမစွမ်းဖြစ်သွားတဲ့ သူတွေ၊ လေဖြတ်သွားတဲ့သူတွေ၊ နာမကျန်းသူတွေ ပိုများတယ်” လို့ ပြောပါတယ်။

နမ္မတီးမှာ လဝါး၊ နောင်းမီ၊ တနိုင်းဝန်းကျင်၊ ဖားကန့်လမ်းဘက်က ဒေသခံစစ်ရှောင်တွေ ပြည့်နေတယ်လို့ သူက ပြောပါတယ်။

“တချို့ဒေသခံတွေက ဝောာဘက် တိမ်းရှောင်ကြတယ်။ တောဘက်ရှောင်တဲ့ မြေးအဘွား ၂ ယောက် စားစရာမရှိလို့ မြေးကို တောမှာထားခဲ့ပြီး အဘွားက ရွာထဲ စားစရာပြန်ယူတာ တောထဲက ထွက်လာလို့ စစ်ကောင်စီတွေ ပစ်သတ်လိုက်တာ ခံရတယ်။ တောထဲက ထွက်လာရင် တောထဲက လက်နက်ကိုင်တွေကို ထောက်ပံ့တာပဲ ဆိုပြီး ပစ်သတ်လိုက်တာလို့ ပြောတယ်။”

အဲဒီ လီဒိုလမ်းမပေါ်မှာရှိတဲ့ ဝါရာဇွပ် ဒေသခံတွေလည်း တောဘက်ပဲ တိမ်းရှောင်နေကြရကာ မြို့ဘက် ထွက်လာမရဘဲ ပိတ်မိနေတာကြောင့် ဆေးဝါးနဲ့ စားစရာ လိုအပ်နေတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

ဖားကန့်-တနိုင်း လမ်းဘက်မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစ စစ်ကောင်စီ၊ ဝါရာဇွပ် ပြည်သူ့စစ်နဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး လက်ရှိအထိ နှစ်ဖက် စစ်ရေး တင်းမာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013