DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အထပ်မြင့်အဆောက်အဦကို အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၂၉ ဦး သေဆုံး
DVB
·
April 10, 2025
ဂါဇာ အထပ်မြင့်အဆောက်အဦကို အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၂၉ ဦး သေဆုံး
Donate to DVB

ဂါဇာစီးတီး မြို့ဟောင်းဘက်ရှိ ရှီဂျိုင်းယာရပ်ကွက်မှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှု တခုကြောင့် ကလေးတွေ အပါအဝင် ပါလက်စတိုင်းသား ၂၉ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက ဧပြီ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာစီးတီး အရှေ့ဘက် ဆင်ခြေဖုံးရှိ အထပ်ပေါင်းများစွာရှိတဲ့ လူနေအဆောက်အအုံကို ထိမှန်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူတွေ ဒါဇင်ချီပြီး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆေးပညာရှင်တွေက ပြောပါတယ်။

လူအများအပြား ပျောက်ဆုံးနေပြီး အဆောက်အအုံရဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသေးတယ်လို့ ယူဆရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အနီးနားရှိ တခြားနေအိမ်အများအပြား ပျက်စီးသွားကြောင်း ဆေးမှူးတွေက ပြောပါတယ်။

အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်မှာတော့ ဟားမတ်စ်စစ်သွေးကြွ အကြီးတန်းပုဂ္ဂိုလ်တယောက်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူဟာ ဂါဇာမြောက်ပိုင်းရှိ ရှီဂျိုင်းယာမှ တိုက်ခိုက်မှုတွေကို စီစဉ်ဆောင်ရွက်ရာမှာ တာဝန်ရှိသူဖြစ်ကြောင်း ဖော်ပြထားပြီး ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ မဖော်ထုတ်ထားပါဘူး။

တိုက်ခိုက်မှု မတိုင်ခင်မှာလည်း အရပ်သားတွေကို ထိခိုက်မှု လျော့ပါးစေဖို့ အဆင့်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြောင်းလည်း စစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က စစ်တပ်ဟာ ရှီဂျိုင်းယာ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ပေးခဲ့ပြီး တပ်ဖွဲ့တွေဟာ အဲဒီဒေသရှိ စစ်သွေးကြွတွေကို တိုက်ခိုက်နှိမ်နင်းဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း အစ္စရေးရဲ့ သီးခြားတိုက်ခိုက်မှုတွေ အတွင်း တခြား ပါလက်စတိုင်း ၉ ယောက် သေဆုံးခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့က သေဆုံးသူ အရေအတွက်ဟာ ၃၈ ယောက်အထိ တိုးလာခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013