DVB Logo
Home
အားကစား
ဖာနန်ဒက်စ်နှင့် အန်ဒီယေးတို့၏ ပွဲထွက်မှုနှင့်အတူ မန်စီးတီး အနိုင်ရလဒ် ဆက်ထိန်း
DVB
·
September 6, 2026
Photo: REUTERS/Phil Noble
Photo: REUTERS/Phil Noble
Donate to DVB

မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပေါင် ၁၈၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ အင်ဇို ဖာနန်ဒက်စ်နဲ့ အီလီမန် အန်ဒီယေးတို့ကို ပထမဆုံးအကြိမ် ပွဲထွက် အသုံးပြုခဲ့ပါတယ်။

ကိုဗင်ထရီ အသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် အနိုင်ရလဒ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

သွေးပူလေ့ကျင့်စဉ်မှာ နီကိုအိုရိုင်းလီ ဒဏ်ရာရသွားတာကြောင့် ဖာနန်ဒက်စ် ဟာ ပွဲထွက်လူစာရင်းမှာ ရုတ်တရက် ပါဝင်လာခဲ့တာပါ။

ဖာနန်ဒက်စ်ဟာ အာလင်းဟာလန်းသွင်းယူခဲ့တဲ့ တလုံးတည်းသော အနိုင်ဂိုးမှာ အရေးပါတဲ့ စတင်ဖန်တီးမှုကို ပြုလုပ်ပေးခဲ့ပါတယ်။

နည်းပြ အင်ဇိုမာရက်စကာ ကတော့ ကစားသမားသစ်တွေအနေနဲ့ အသင်းရဲ့ ကစားဟန်နဲ့ အသားကျဖို့ အချိန်နည်းနည်းတော့ လိုအပ်သေးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013