DVB Logo
Home
မြန်မာသတင်း
မလေးရှားသွားမည့် ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၂၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
April 9, 2025
မလေးရှားသွားမည့် ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၂၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကနေ မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၂၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးလိုက်ကြောင်း BD News 24 သတင်းမှာ ဧပြီ ၈ ရက်က ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ရေတပ်က ဘင်္ဂလားပင်လယ်အော်အတွင်း ပုံမှန်ကင်းလှည့်နေချိန်မှာ “FV Kulsuma” အမည်နဲ့ မသင်္ကာဖွယ် ငါးဖမ်းလှေတစင်းကို စစ်ဆေးတွေ့ရှိပြီးနောက်မှာ ခုလို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး လှေပေါ်မှာတော့ အမျိုးသား ၁၁၈ ယောက်၊ အမျိုးသမီး ၆၈ ယောက်နဲ့ ကလေးသူငယ် ၂၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ မနေ့မနက်အစောပိုင်း ၂ နာရီလောက်က ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကော့ဇ်ဘဇားဒေသအတွင်းက ရှာပလာပူရ်ဧရိယာကနေ ထွက်ခွာလာခဲ့ကြတာဖြစ်ပြီး  မလေးရှားနိုင်ငံဆီ သွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘော "BNS Durjoy" ဟာ သံသယဖြစ်ဖွယ်လှုပ်ရှားမှုကို သတိပြုမိပြီးနောက်မှာ စိန့်မာတင်ကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်အကွာမှာ အဆိုပါ ငါးဖမ်းသင်္ဘောကို ကြားဖြတ်တားဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ငါးဖမ်းသင်္ဘောပေါ်မှာတော့ မရှိမဖြစ်လိုအပ်တဲ့ အသက်ကယ်ကိရိယာတွေ၊ လုံလောက်တဲ့ အစားအစာ၊ ရေနဲ့ ဘေးကင်းရေး အစီအမံတွေ ပြည့်ပြည့်ဝဝ မပါဝင်တာကြောင့် ရေနက်ပိုင်း ရောက်ရှိချိန်မှာ ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ သူတို့အားလုံးကို စိန့်မာတင်ကျွန်းက ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်စခန်းဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Source: BD  News 24

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013