DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်က အထောက်အထားမဲ့ အာဖဂန်နိုင်ငံသား ထောင်နှင့်ချီ နေရပ်ပြန်ပို့
DVB
·
April 8, 2025
ပါကစ္စတန်က အထောက်အထားမဲ့ အာဖဂန်နိုင်ငံသား ထောင်နှင့်ချီ နေရပ်ပြန်ပို့
Donate to DVB

ပါကစ္စတန်နိုင်ငံထဲမှာ ဆယ်စုနှစ်ချီ နေထိုင်ခဲ့ကြသူတွေ အပါအဝင် အထောက်အထားမဲ့ အာဖဂန်နိုင်ငံသားတွေ နိုင်ငံထဲကနေ ထွက်သွားဖို့ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို အရှိန်မြှင့်ရင်း ပါကစ္စတန်အစိုးရက အတင်းအကျပ် တွန်းအားပေးခဲ့ပါတယ်။

အဲဒီနောက် ဧပြီ ၇ ရက်မှာ ထောင်နဲ့ချီတဲ့ အာဖဂန်ဒုက္ခသည်တွေ ထော့ခမ်နယ်စပ်ကို ဖြတ်ပြီး ဆက်တိုက် ဝင်လာနေကြပါတယ်။

မကြာသေးမီက ပါကစ္စတန်နိုင်ငံကနေ နှင်ထုတ်ခံခဲ့ရတဲ့ အာဖဂန်နိုင်ငံသား လယ်လ်ဆာအိက “အဲဒီမှာ ဆိုးရွားတဲ့အခြေအနေတွေကို  ရင်ဆိုင်ခဲ့ရတယ်” လို့ ပြောပါတယ်။

“ပါကစ္စတန်ရဲတွေက ညတုန်းက ငါတို့အိမ်ကို ဝင်စီးပြီး သားနှစ်ယောက်ကို ခေါ်ဆောင်သွားတယ်။ သူတို့ ထောင်ထဲမှာ နေနေတုန်းပဲ။ ငါ့မှာ သက်သေရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

မတ်လမှာ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးဌာနက တရားမ၀င် နိုင်ငံခြားသားတွေနဲ့ အာဖဂန် နိုင်ငံသားကတ် ကိုင်ဆောင်ထားသူ အားလုံးကို မတ် ၃၁ ရက် နောက်ဆုံးထားပြီး ပါကစ္စတန်နိုင်ငံထဲကနေ ထွက်သွားဖို့ ညွှန်ကြားချက် ထပ်ထုတ်ပြန်ခဲ့သလို ဧပြီ ၁ ရက်က စပြီး ပြည်နှင်ဒဏ် ပေးမယ်လို့လည်း သတိပေးခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013