DVB Logo
Home
မြန်မာသတင်း
မလေးရှားသို့ ပြန်ရောက်လာသည့် ငလျင်ကယ်ဆယ်ရေးအဖွဲ့ကို ကြိုဆို
DVB
·
April 8, 2025
မလေးရှားသို့ ပြန်ရောက်လာသည့် ငလျင်ကယ်ဆယ်ရေးအဖွဲ့ကို ကြိုဆို
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို ရှာဖွေကယ်ဆယ်ရေးအပိုင်းမှာ အဓိက သွားရောက်ကူညီပေးခဲ့တဲ့ မလေးရှားကယ်ဆယ်ရေးအဖွဲ့ (SMART) ကို မလေးရှားရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ (COBEM) ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသားတချို့က ဧပြီ ၇ ရက်မှာ ကြိုဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေကို ကူညီပြီး ပြန်လာတဲ့ SMART အဖွဲ့သား‌တွေကို သူတို့ရဲ့ရုံးချုပ်ရှေ့မှာ စောင့်ကြိုပြီး တိုင်းရင်းသားရိုးရာပစ္စည်းတွေနဲ့ ပန်းစည်းတွေကို ဂုဏ်ပြုလက်‌ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပြီးတော့ ကျေးဇူးတင်စကား အပြန်အလှန် ပြောကြားခဲ့တယ်လို့ COBEMအဖွဲ့ရဲ့ လက်ရှိတာ၀န်ခံ ဦးဂျိမ်စ်လာဆန်က DVBကို ပြောပါတယ်။

"SMART Team က စစ်ကိုင်းဘက်ကို အဓိကကူညီခဲ့ပါတယ်။ ခုလက်ရှိ မြန်မာပြည်တွင်းစစ်ရဲ့ စစ်ရေး‌အခြေအနေကြားမှာ လုံခြုံရေးအပိုင်းကလည်း အခက်ခဲရှိတယ်၊ စိုးရိမ်ရတယ် ပြီးတော့ သူတို့နိုင်ငံရဲ့ Hari Raya ကိုလည်း မပါ၀င်ဘဲ ကျနော်တို့ပြည်သူလူထုကို ကူညီပေးခဲ့လို့ အတိုင်းမသိ၀မ်းသာ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။”

မြန်မာပြည်သူတွေ ငလျင်ဒဏ်ခံစားနေရတဲ့အချိန်မှာ မလေးရှားနိုင်ငံအစိုးရအနေနဲ့ လူသားချင်းစာနာမှုကို ထောက်ထားပြီးတော့ အော်ပရာစီ ခေတ္တရပ်နားထားတယ်လို့ ကြေညာတဲ့အပြင် မလေးရှားနိုင်ငံမှ မြန်မာပြည်တွင်းကို ဧပြီ ၄ရက်မှ ဧပြီ ၃၀ ရက်ထိ အခမဲ့ ငွေလွဲနိုင်အောင်လည်း ကူညီပေးတယ်လို့ သိရပါတယ်။

COBEM အဖွဲ့ဟာ မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသား Community အသီးအသီးမှ ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားပြီး ဒုက္ခသည်များအရေးကို ဦးဆောင်ကူညီတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR )မှာ ဒုက္ခသည်အဖြစ်ခိုလှုံခွင့် တောင်းခံထားတဲ့ မြန်မာနိုင်ငံသား ၁၇၁,၄၅၀ ရှိတယ်လို့ UNHCRရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013