Home
နိုင်ငံတကာ
ရုရှား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ယူကရိန်း ရုံးအဆောက်အအုံများ ပျက်စီး
DVB
·
April 7, 2025
Photo : Reuters

ရုရှားနိုင်ငံက ဒုံးကျည်နဲ့ တိုက်ခိုက်တာ ခံရတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောအပြီး ဧပြီ ၆ ရက် အစောပိုင်းမှာ ရုံးခန်းအဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးပြီး လူ ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

တိုက်ခိုက်ခံရအပြီး နောက်ပိုင်းမှာ ယူကရိန်းမြို့တော်က ရုံးခန်းအဆောက်အအုံတခုမှာ အက်ကွဲကြောင်းကြီးတခုကို မြင်တွေ့ခဲ့ရပြီး အပျက်အစီးတွေ ပြန့်ကျဲနေပါတယ်။ အဝေးကနေ မီးခိုးငွေ့တွေ ထွက်နေတာလည်း တွေ့ရပါတယ်။

ပိုလန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေ အပါအဝင် ယူကရိန်း တနိုင်ငံလုံးကို တိုက်ခိုက်မှုကို လေတပ်က သတိပေးပြီးတဲ့နောက် ဂရင်းဝစ်ချ်စံတော်ချိန် မနက် ၂ နာရီမှာ  ယူကရိန်းတနိုင်ငံလုံး လေကြောင်းသတိပေးချက်အောက်မှာ ရှိနေခဲ့ပါတယ်။

NATO အဖွဲ့ဝင် ပိုလန်နိုင်ငံကလည်း လေကြောင်းဘေးကင်းရေး သေချာစေဖို့ လေယာဉ်ကို အရေးပေါ် ချက်ချင်း ပျံတက်ခိုင်းခဲ့ပါတယ်။

ဧပြီ ၅ ရက် နှောင်းပိုင်းက ရုရှားရဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ယောက် ဒဏ်ရာရတယ်လို့ ယူကရိန်းတောင်ပိုင်း မိုင်ကိုလေဒေသ တာဝန်ရှိသူတွေက ပြောအပြီး ကိယက်ဗ်မြို့တော်ကို တနင်္ဂနွေနေ့က တိုက်ခိုက်ခံခဲ့ရတာပါ။

ခရီဗီရီးမြို့ကို ဧပြီ ၄ ရက် တိုက်ခိုက်မှုအတွင်း ကလေးငယ် ၉ ယောက် အပါအဝင် လူ ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ရုရှားဘက်ကတော့ အခုတိုက်ခိုက်မှုကို ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။

လွန်ခဲ့တဲ့ ၃ နှစ်က ရုရှားနိုင်ငံက အိမ်နီးချင်း ယူကရိန်းနိုင်ငံကို လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်ရင်း စတင်ခဲ့တဲ့ စစ်ပွဲအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတာကို နှစ်ဖက်စလုံးက ငြင်းဆိုထားပါတယ်။

ပဋိပက္ခအတွင်း အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အများစုက ယူကရိန်းနိုင်ငံသားတွေ ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024