DVB Logo
Home
နိုင်ငံတကာ
စပိန်က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲမည်
DVB
·
April 3, 2025
စပိန်က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲမည်
Donate to DVB

စပိန်နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၉ ခုနှစ်ရဲ့ မူလ ရည်မှန်းထားတဲ့နေ့ မတိုင်မီ ၂ ရာခိုင်နှုန်းအထိ ကောင်းကောင်း တိုးမြှင့်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရိုဘလက်စ်က ဧပြီ ၁ ရက်မှာ ပြောပါတယ်။

စပိန်ဟာ NATO အဖွဲ့ဝင်တွေကြားမှာ စီးပွားရေး အရွယ်အစားအရ ကာကွယ်ရေးအသုံးစရိတ် အနည်းဆုံးရှိပြီး ၁ ဒသမ ၃ ရာခိုင်နှုန်း ရှိနေပါတယ်။

၂ ရာခိုင်နှုန်းကို ရောက်ဖို့ တနှစ်ကို ယူရို ၁၀ ဘီလီယံ (ဒေါ်လာ ၁၀ ဒသမ ၇၉ ဘီလီယံ) လိုမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေက စပိန်ဟာ အခုနွေရာသီမှာ NATO အဖွဲ့ရဲ့ ၂ ရာခိုင်နှုန်း ရည်မှန်းချက်ကို ပြည့်မီဖို့ မျှော်လင့်ထားတယ်လို့ ပိုလန်မြို့တော် ဝါဆောမှာ ပြောခဲ့ပါတယ်။

အဲဒီအချိန်မှာ ရည်မှန်းချက်ကိုရောက်ဖို့ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ စပိန်အစိုးရက ရူတေကို ပြောခဲ့ရတယ်လို့ အစိုးရ သတင်းရင်းမြစ်တခုက ဆိုပါတယ်။

ရိုဘလက်စ်က “သတ်မှတ်ရက်က ပြဿနာ သိပ်မရှိပါဘူး၊ ဒါပေမဲ့ ၂၀၂၉ မတိုင်ခင်မှာ ကျနော်တို့ရဲ့ တာဝန်ဝတ္တရားတွေ ပြည့်မီမယ်လို့ ကျနော် ယုံကြည်ပါတယ်။ အဲဒါကို လေးလေးနက်နက်နဲ့ တင်းတင်းကျပ်ကျပ် လုပ်နေပါတယ်” လို့ လစ္စဘွန်းမြို့မှာ ကျင်းပတဲ့ ပွဲတရပ်ရဲ့ ဆက်စပ်အစည်းအဝေးအတွင်း ပြောပါတယ်။

ကာကွယ်ရေး အားကောင်းလာစေဖို့ ဥရောပရဲ့ ကြိုးပမ်းချက်မှာ စပိန်ဟာ မဟာမိတ်အဖွဲ့ဘက်ကနေ ပါမယ်လို့ စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်က အာမခံထားပါတယ်။

ဒါပေမဲ့ ရုရှားနဲ့ ပထဝီဝင် အနေအထားအရ ဝေးကွာတဲ့နိုင်ငံတွေက လက်နက်တွေ သိုလှောင်တာထက်စာရင် ဆိုက်ဘာတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ အသုံးစရိတ်ကို အာရုံစိုက်သင့်တယ်လို့လည်း သူက စောဒကတက်ခဲ့ပါတယ်။

ရုရှားက တိုက်ခိုက်တာကို ခံရနိုင်ခြေရှိတဲ့ ဥရောပ အရှေ့ဘက်ခြမ်းက နိုင်ငံတွေဟာ တခြားနိုင်ငံတွေထက် ကာကွယ်ရေးအတွက် ပိုသုံးနေတာနဲ့ ပတ်သက်ပြီးတော့လည်း “ပိုလန်မြို့တော် ဝါဆောနဲ့ စပိန်မြို့တော် မက်ဒရစ်မြို့တို့ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခံရရင် အချိန် ကွာခြားချက်က ၁၀ မိနစ်ပဲ” လို့ ပြောရင်း ရူတေက ဝေဖန်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013