
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ရန်ကုန်မြစ်ရေဟာ ၁၅ ပေကျော်အထိ ထူးကဲဒီရေ ထိုးတက်လာခဲ့ပါတယ်။
ရန်ကုန်မြစ်ရေရဲ့ ရေအနေအထားဟာ ပုံမှန် မိုးရာသီမုတ်သုံမှာမှ ရောက်ရမယ့် ရေအမြင့်ပေ ဖြစ်ပေမဲ့ နွေရာသီမှာ ငလျင်ကာလ သိသိသာသာ ရေထိုးတက်နေတာ ၅ ရက်လောက် ရှိနေပြီ ဖြစ်ပါတယ်။
လဆန်း၊ လဆုတ်တွေရဲ့ သဘာဝအခြေအနေအရ ရေထရက်၊ ရေကျရက်တွေ ရှိနေပေမဲ့ နွေရာသီရဲ့ ရေထရက်တွေဟာ ဒီလောက် ရေအမြင့်ပေမရှိဘူးလို အနီးအနားနေသူတွေက ပြောကြပါတယ်။
ရေတက်တာနဲ့ပတ်သက်ပြီး ငလျင်ဘေးသင့်ကယ်ဆယ်ရေးအဖွဲရဲ့ နောက်တန်းမှာ ကျန်ရှိနေတဲ့ အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ၂၄ နာရီလုံး အသင့်စောင့်ကြည့်နေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။