DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်ပြိုကျမှု အသက်ရှင်သူ မရှိနိုင်တော့​
DVB
·
March 31, 2025
ငလျင်ကြောင့် ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်ပြိုကျမှု အသက်ရှင်သူ မရှိနိုင်တော့​
Donate to DVB

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့တဲ့ KBZ အဆောက်အအုံအတွင်း လူ ၄၀ လောက်ပိတ်မိနေတာမှာ အသက်ရှင်ကျန်ရစ်ခဲ့သူ မရှိနိုင်တော့ဘူးလို့  ပျော်ဘွယ်မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

အဲဒီပြိုကျခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်ကို မတ် ၃၀ ရက် မနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ လောက်မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ USER Teams က လ/ထညွှန်မှူး ဦးကောင်းမြတ်နောင် ဦးစီး တပ်ဖွဲ့ဝင် ၃၅ ယောက်၊ Singapore Civil Defence Force က တပ်ဖွဲ့ဝင် ၁၅ ယောက်တို့နဲ့ လာရောက်ပြီး ကြည့်ရှုစစ်ဆေးခဲ့တာဖြစ်တယ်လို့ ပျော်ဘွယ်မီးသတ်ဌာနက ဒီနေ့ မတ် ၃၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ပြိုကျခဲ့တဲ့ KBZ ဘဏ်အဆောက်အဦကို ရှာဖွေရေးခွေး ၂ ကောင်နဲ့ အသက်ရှင်လူနာတွေ ရှိ / မရှိ ထောက်လှမ်းစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ပြီးနောက် အသက်ရှင်နေသူတွေ မရှိနိုင်တော့ကြောင်း စစ်ဆေးတွေ့ရှိချက်အရ မြန်မာ-စင်ကာပူ ၂ နိုင်ငံ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဟာ နေပြည်တော်ကို ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

မတ် ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပျော်ဘွယ်မြို့ရှိ ၅ ထပ်အမြင့်ရှိတဲ့ ကမ္ဘောဇဘဏ် အဆောက်အအုံ မြေကျွံဝင်သွားကာ ဝန်ထမ်းတွေ ပိတ်မိနေခဲ့ပြီး မတ် ၂၉ ရက်မှာ ဘဏ်အဆောက်အအုံအတွင်း ပိတ်မိနေတဲ့ ဝန်ထမ်း ကိုသန်းထိုက်ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ရရှိထားတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံသွားတဲ့လမ်းမှာပဲ သေဆုံးသွားကြောင်း မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အလားတူ မတ် ၃၀ ရက်ကလည်း ကမ္ဘောဇဘဏ် အဆောက်အအုံ ပြိုကျမှုမှ ယောက်ျားလေး ကလေးငယ်တယောက်ကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ မိခင်ဖြစ်သူမှာ သေဆုံးသွားကြောင်း ပျော်ဘွယ်မီးသတ်တပ်ဖွဲ့ရဲ့ ကယ်ဆယ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။

ပျော်ဘွယ်မြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၁ ယောက်ရှိကာ ဒဏ်ရာရရှိသူ ၁၁၆ ယောက် ရှိထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ မတ် ၃၀ ရက်အထိ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013