DVB Logo
Home
မြန်မာသတင်း
ငလျင်လှုပ်ပြီး ၃ ရက် ကြာမှ ဝမ်းနည်းကြောင်း စစ်ကောင်စီ ကြေညာ
DVB
·
March 31, 2025
ငလျင်လှုပ်ပြီး ၃ ရက် ကြာမှ ဝမ်းနည်းကြောင်း စစ်ကောင်စီ ကြေညာ
Donate to DVB

မြန်မာနိုင်ငံမှာကြုံတွေ့နေတဲ့ ငလျင်ဘေးနဲ့ ပတ်သက်ပြီး မတ် ၃၁ ရက်ကနေ ဧပြီ ၆ ရက်အထိ ၇ ရက်တာကာလကို  နိုင်ငံအဆင့် ဝမ်းနည်းရက်တွေအဖြစ် စစ်ကောင်စီက သတ်မှတ် ကြေညာ လိုက်ပါတယ်။

မတ် ၂၈ ရက်က မန္တလေးအနီး ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်ကြောင့် အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက် ထပ်တူခံစားကာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် အခုလို သတ်မှတ်လိုက်တာလို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့တာပါ။

မတ်လ ၃၁ ရက်မှ ဧပြီလ ၆ ရက်အထိ ၇ ရက်တာကာလကို နိုင်ငံတော်အလံ တိုင်ဝက်လျှော့ချပြီး လွှင့်ထူကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ငလျင်လှုပ်ခတ်ပြီး ၃ ရက်အကြာမှ စစ်ကောင်စီက အခုလို ဝမ်းနည်းကြောင်း ကြေညာတာဖြစ်ပြီး နိုင်ငံတကာ အစိုးရတွေ၊ သံရုံးတွေ၊ အဖွဲ့အစည်းတွေ၊ အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ ကမ္ဘာကျော် ဘောလုံးအသင်းတွေကတော့ မြန်မာပြည် ငလျင်ဘေးကြုံရပြီး နာရီပိုင်းအတွင်းမှာပဲ ဝမ်းနည်းကြောင်း အသီးသီး ထုတ်ဖော်ပြသခဲ့ကြပါတယ်။

ငလျင်ဘေးကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူပေါင်း ၁,၇၀၀ ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃,၄၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့ မွန်းတည့် ၁၂ နာရီအထိ DVB က ကောက်ယူထားတဲ့ စာရင်းတွေအရတော့ ငလျင်ကြောင့် သေဆုံးသူပေါင်း ၂,၉၃၉ ယောက်၊ ပျောက်ဆုံးသူ အယောက် ၃၉၀၊ ထိခိုက်သူ ၃,၄၉၂ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013