DVB Logo
Home
မြန်မာသတင်း
ပျော်ဘွယ်၊ သဲတောနှင့် ဝမ်းတွင်းမြို့တို့တွင် ငလျင်ကြောင့် သေဆုံးသူ ၂၀၀ နီးပါးရှိ
DVB
·
March 30, 2025
ပျော်ဘွယ်၊ သဲတောနှင့် ဝမ်းတွင်းမြို့တို့တွင် ငလျင်ကြောင့် သေဆုံးသူ ၂၀၀ နီးပါးရှိ
Donate to DVB

မြေငလျင်လှုပ်ခတ်မှုကြောင့် ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ သေဆုံးသူ ၂၀၀ နီးပါး တွေ့ရှိထားပြီး ဒဏ်ရာရသူ ၈၀ ကျော်ရှိတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့ကြီးတွေ နည်းတူ  ထိခိုက်ပျက်စီးခဲ့တဲ့ ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ နေအိမ်အဆောက်အဦ၊ စက်ရုံပေါင်း ၃၀၀ ကျော် ပြိုကျ ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာလည်း ငလျင်ဘေး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်၊ အဆောက်အဦ၊ စက်ရုံတွေအောက်က ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့ ကယ်ဆယ်ရေးအထောက်အကူပြု ကိရိယာတွေ အရေးပေါ် လိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၆၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၃,၄၀၈ ယောက်အထိ ရှိလာပြီး လူ ၁၃၉ ယောက် ပျောက်ဆုံးနေဆဲလို့ စစ်ကောင်စီက မတ် ၂၉ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ကူညီကယ်ဆယ်သူတွေက ခန့်မှန်းထားပါတယ်။

DVB DATA အဖွဲ့က ပြုစုထားတဲ့ စာရင်းအရတော့ အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ စုစုပေါင်း  ၂,၀၂၈ ယောက်  ရှိလာပြီလို့သိရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013