DVB Logo
Home
မြန်မာသတင်း
မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ဝမ်းနည်းကြောင်း ဗြိတိန် ချားလ်စ်ဘုရင် ပြော
DVB
·
March 29, 2025
မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ဝမ်းနည်းကြောင်း ဗြိတိန် ချားလ်စ်ဘုရင် ပြော
Donate to DVB

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ဒဏ်သင့် ပြည်သူတွေအတွက်  ဝမ်းနည်းကြောင်း ဗြိတိန်နိုင်ငံရဲ့ တတိယမြောက် ချားလ်စ်ဘုရင်က သဝဏ်လွှာကို ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် အသက်ပေါင်းများစွာ ကြေကွဲဖွယ်ဆုံးရှုံးနေရပြီး အိမ်တွေ၊ အဆောက်အအုံတွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ အထွတ်အမြတ်ထားရာ ဘုရားပုထိုးစေတီတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တခြားသောဝတ်ပြုကိုး ကွယ်ရာနေရာတွေ ဆုံးရှုံးရတာကို ကြားသိရလို့ အလွန်အမင်း တုန်လှုပ် စိတ်မကောင်းဖြစ်မိတယ်လို့ ချားလ်စ်ဘုရင်က ပြောပါတယ်။  

“အခုလို အခက်ခဲဆုံး၊ ကြေကွဲဝမ်းနည်းဖွယ်အကောင်းဆုံးအချိန်မျိုးမှာ မိမိတို့ ချစ်မြတ်နိုးရသူတွေ၊ အိုးအိမ်တွေ မြတ်နိုးတန်ဖိုးထားရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးလိုက်ရတဲ့ အဖြစ်ဆိုးကြီးအား ကြုံတွေ့နေရအားလုံးကို ကျနော်တို့ဇနီးမောင်နှံက အလေးနက်ဆုံးသော ကိုယ်ချင်းစာမှုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရတယ်။” 

မြန်မာပြည်သူပြည်သားတွေအနေနဲ့ ဆင်းရဲဒုက္ခတွေ၊ ကြေကွဲဝမ်းနည်းစရာတွေကို ဆက်ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရတာကို နားလည်ကြောင်းနဲ့  အခုလို မြန်မာပြည်သူပြည်သားတွေရဲ့ အလွန်ထူးခြားတဲ့ ကြံ့ကြံ့ခံနိုင်ရည်စွမ်းနဲ့ စိတ်ဓာတ်ကိုလည်း ရှေးမဆွကတည်းကပင် လေးစားရင်းစွဲရှိခဲ့တယ်လို့ ဗြိတိန်ဘုရင်က ပြောပါတယ်။ 

မတ် ၂၈ ရက်က စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုပြီး လှုပ်သွားခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်လာပြီး ဒဏ်ရာရတဲ့သူ ၂,၃၀၀ ကျော် ရှိလာတယ်လို့ စစ်ကောင်စီက မတ် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

မြေပြင်မှာတော့ ပြိုကျအဆောက်အအုံတွေထဲမှာ ပိတ်မိသေဆုံး ဒဏ်ရာရသူတွေ အများအပြား ကျန်နေဦးမှာ DVB ကရထားတဲ့ စာရင်းအရတော့ ဒီညနေ ၆ နာရီအထိ သေဆုံးသူ အရေအတွက် ၁,၁၀၀ ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013