DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ပြည်တွင်းလုံခြုံရေး၀န်ကြီး အယ်လ်ဆာဗေးဒေါ အကျဉ်းထောင်ကို သွားရောက်
DVB
·
March 28, 2025
အမေရိကန် ပြည်တွင်းလုံခြုံရေး၀န်ကြီး အယ်လ်ဆာဗေးဒေါ အကျဉ်းထောင်ကို သွားရောက်
Donate to DVB

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး ကရစ္စတီးနူဟာ အမေရိကန်က ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေကို ထိန်းသိမ်းထားတဲ့ အယ်လ်ဆာဗေးဒေါနိုင်ငံက ဧရာမ အကျဉ်းထောင်ကြီးဆီကို မတ် ၂၆ ရက်မှာ သွားရောက်ခဲ့ပါတယ်။

အမေရိကန်ဝန်ကြီး ကရစ္စတီးနူဟာ တက်ကိုလူးကာနယ်မြေရှိ “အကြမ်းဖက်မှု ထိန်းချုပ်ရေးစင်တာ (CECOT)” ရဲ့ အဆောက်အအုံတွေဆီ အယ်လ်ဆာဗေးဒေါ တရားရေးနဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး ဂူစတားဗို ဗီလာရိုးတိုး ဖုန်စ်နဲ့အတူ သွားရောက်ကြည့်ရှုခဲ့တာပါ။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်၊ အီတလီနဲ့ ဂျာမန် ရွှေ့ပြောင်းနေထိုင်သူတွေကို အကျဉ်းချထားဖို့အတွက် အကောင်းဆုံး အသုံးပြုခဲ့တဲ့ ၁၇၉၈ ပြည်ပရန်သူများ ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၅ ရက်က တောင်းဆိုခဲ့ပြီးတော့ ဗင်နီဇွဲလား ရာဇဝတ်ဂိုဏ်း ထရန်းဒီ အာရဂွါရဲ့ အဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ အမြန်ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီးနောက်မှာ အယ်လ်ဆာဗေးဒေါရှိ လုံခြုံရေးမြင့်မားတဲ့ ဧရာမ အကျဉ်းထောင်ကြီးဆီ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့နှောင်းပိုင်းမှာပဲ အမေရိကန် ခရိုင်တရားသူကြီးတယောက်က အမေရိကန် ပြည်သူ့လွတ်လပ်ရေးသမဂ္ဂရဲ့ ဥပဒေဆိုင်ရာ စိန်ခေါ်မှုတရပ်ကို လိုက်နာခဲ့ပြီးနောက်မှာ ပြည်ပရန်သူများ ဥပဒေကို ယာယီပိတ်ဆို့ခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ပ်အစိုးရက ဝေဟင်မှာ ပျံသန်းနေပြီးသား လေယာဉ် ၂ စင်းကို အယ်လ်ဆာဗေးဒေါကို ဆက်လက်ပျံသန်းခွင့်ပြုခဲ့ပြီး အမေရိကန်ဟာ ဗင်နီဇွဲလားနိုင်ငံသား ၂၃၈ ယောက်ကို လုံခြုံရေးမြင့်မားတဲ့ CECOT ဧရာမအကျဉ်းထောင်ကြီးမှာ ထားရှိဖို့ အယ်လ်ဆာဗေးဒေါ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

အယ်လ်ဆာဗေးဒေါသမ္မတ နာယစ်ဘ် ဘူကီလီဟာ မတ် ၁၅ ရက်က ပြည်နှင်ဒဏ်ခံရတဲ့ လေယာဉ်တွေ ရောက်ရှိလာမှုကို ကြေညာခဲ့ပြီး လေယာဉ်ပေါ်ကနေ လူတွေ အပြေးအလွှား ဆင်းလာကြပြီး အကျဉ်းထောင်ကြီးကို ပို့လိုက်ပုံ ဗီဒီယိုကို ဆိုရှယ်မီဒီယာဆိုက် X မှာ ဗီဒီယိုတခု တင်ခဲ့ပါတယ်။

ကမ္ဘာ့အအေးစက်ဆုံး အာဏာရှင်အဖြစ် အသွင်ဆောင်ထားတဲ့ အယ်လ်ဆာဗေးဒေါသမ္မတ ဘူကီလီဟာ အမေရိကန်က ပြည်နှင်ဒဏ်ပေးခံရတဲ့ အန္တရာယ်ရှိ ရာဇ၀တ်ကောင်တွေနဲ့ အမေရိကန်နိုင်ငံသားတွေကို ထောင်ချဖို့ ဖေဖော်ဝါရီလမှာ ကမ်းလှမ်းခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ လူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုကို ပြတ်ပြတ်သားသား ထောက်ခံသူ  အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီး ကရစ္စတီးနူဟာ ဗုဒ္ဓဟူးနေ့မှာ  အယ်လ်ဆာဗေးဒေါသမ္မတ ဘူကီလီ နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013