DVB Logo
Home
မြန်မာသတင်း
အဆိုတော် ဖြူဖြူကျော်သိန်း New South Wales  ပါလီမန်တွင် မြန်မာ့အရေး ပြောကြား
DVB
·
March 28, 2025
အဆိုတော် ဖြူဖြူကျော်သိန်း New South Wales  ပါလီမန်တွင် မြန်မာ့အရေး ပြောကြား
1 / 8
Donate to DVB

တော်လှန်အနုပညာရှင် အဆိုတော်ဖြူဖြူကျော်သိန်းဟာ သြစတြေတြေးနိုင်ငံ  New South Wales  ပါလီမန်လွှတ်တော်မှာ မတ် ၂၇ ရက်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခွင့်ရခဲ့ တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

အဲဒီမှာ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ် အပါအဝင် မြန်မာ့အ‌ရေး တက်ကြွလှုပ်ရှားသူတွေအပြင် သြစတြေးလျ ပါလီမန်အမတ်တွေလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်း ၄ နှစ်တာကာလမှာ ပြည်သူ့ဘက်ကရပ်တည်တဲ့ အနုပညာရှင်ကို မြန်မာ community က ပထမဆုံး ပေးတဲ့ Unshaken Spirit Heart Award ဆုကိုလည်း လက်ခံခဲ့ကြောင်း သိရပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်းဟာ ရန်ပုံငွေ တကိုယ်ရှိုးပွဲတွေ သီဆိုဖျော်ဖြေဖို့ သြစတြေးလျနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ဧပြီ ၅ ရက်ကျရင် ဆစ်ဒနီမြို့နဲ့ ဧပြီ ၁၂ ရက်မှာ မဲလ်ဘုန်းမြို့တွေမှာ ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013