DVB Logo
Home
မြန်မာသတင်း
ခလယ်ဒေးတပ်စခန်းကို KNLA က သိမ်းပိုက်
DVB
·
March 25, 2025
ခလယ်ဒေးတပ်စခန်းကို KNLA က သိမ်းပိုက်
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို KNLA ပူးပေါင်းတပ်က မတ် ၂၅ ရက်​ ညနေ ၆ နာရီကျော်မှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

မတ် ၂၁ ရက်ကစတင်ပြီး မြန်မာ-ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ KNLA ပူးပေါင်းတပ်ဘက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ 

မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၁၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။  

အဆိုပါစခန်းအတွင်းကနေ ဆိုင်ကယ် ၅ စီးအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေလည်း ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ခလယ်ဒေးစခန်းဟာ  မြန်မာ-ထိုင်းနယ်စပ် ​သောင်ရင်းမြစ်နဲ့ ၁ မိုင်သာကွာ​ဝေး​တာကြောင့် ထိုင်းနိုင်ငံဘက်မှလည်း လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာလည်း  စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်း သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း ဂျက်ဖိုက်တာအပြင် Y21 လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၅၀ ကျော်ဟာ ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်မြို့နယ်၊ မဲ့ဆောင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်ပြီး ယာယီခိုလှုံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013