DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တွင် Facebook နှင့် Instagram တို့ကို ad-free လစဉ်ငွေ ကောက်ခံရန် Meta စဉ်းစားနေ 
DVB
·
March 25, 2025
ဗြိတိန်တွင် Facebook နှင့် Instagram တို့ကို ad-free လစဉ်ငွေ ကောက်ခံရန် Meta စဉ်းစားနေ 
Donate to DVB

Facebook နဲ့ Instagram မိခင်ကုမ္ပဏီ Meta ဟာ ဗြိတိန်မှာ subscribe လုပ်ပြီး ကြော်ငြာတွေ ဖယ်ရှားနိုင်မယ့် ငွေပေးချေရတဲ့ အစီအစဉ် လုပ်ဖို့ စဉ်းစားနေပါတယ်။

အသုံးပြုသူတွေနဲ့ သူတို့ရဲ့ ဒေတာအချက်အလက်တွေကို မသိရှိစေချင်ပါက ad-free ကို အခပေးပြီး သုံးစွဲရမှာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့အပတ်က ဗြိတိန်အမျိုးသမီးတယောက်ကို ကြော်ငြာအတွက် ပစ်မှတ်ထားမှုကို ရပ်တန့်ဖို့ သဘောတူညီမှုအပြီးမှာ အခုလို ကုမ္ပဏီက ပြုလုပ်ဖို့ စီစဉ်လာတာပါ။

Meta ဟာ facebook နဲ့ Instagram မှာ ad-free ကို အခကြေးငွေယူပြီး ပြုလုပ်မှုကို အီးယူနိုင်ငံတွေမှာ အစောပိုင်းကတည်းက စတင်ခဲ့ပြီး တလကို ယူရို ၅ ဒသမ ၉၉ က စတင်ပြီး ‌ကောက်ခံလေ့ရှိပါတယ်။

Meta ဟာ ဥရောပမှာ ၂၀၂၃ အောက်တိုဘာလကတည်းက ad-free ကို စတင်ခဲ့ပြီး စတဲ့အချိန်တုန်းက တလကို  ယူရို ၉ ဒသမ ၉၉ ကောက်ခံခဲ့ပါတယ်။

ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ဗြိတိန်မှာလည်း ဒီလိုအစီအစဉ်စဖို့ ပြောဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ်က ဆွေးနွေးတိုင်ပင်မှုနောက်ပိုင်း ဗြိတိန်ရဲ့ ဒေတာတွေကို စောင့်ကြည့်ရေးအဖွဲ့နဲ့ အပြုသဘောဆောင်တဲ့ အခပေးစနစ်ကို ပြုလုပ်မယ်လို့ Meta က ပြောပါတယ်။

Ad-free ဆားဗစ်မစတင်ခင် ဒေတာကာကွယ်မှုအတွက် စိုးရိမ်စိတ်ကို Meta စဉ်းစားရမယ်လို့ သတင်းအချက်အလက်ကော်မရှင်နာရုံးက ပြောထားပါတယ်။

Meta က အဲဒီပလက်ဖောင်းမှာ ကိုယ်ပိုင်ကြော်ငြာတွေကို အလကား အသုံးပြုခွင့် ပေးမယ်လို့လည်း ပြောပါတယ်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေနဲ့ ရပ်တည်နေတဲ့ Meta ဟာ သူ့ရဲ့ဝင်ငွေကို ကြော်ငြာတွေအပေါ် အဓိက မှီခိုနေရပါတယ်။

Meta ရဲ့ နောက်ဆုံး ၃ လပတ် ဝင်ငွေတွေကို ကြည့်ရင် ၉၆ ရာခိုင်နှုန်းက ကြော်ငြာတွေကရတဲ့ ဝင်ငွေ ဖြစ်ပါတယ်။

တခြားဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Snapchat, Tiktok နဲ့ X တို့ကလည်း Subscription တွေလုပ်ပြီး ad-free နဲ့ ဝင်ငွေရှာဖို့ ပြင်ဆင်နေကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013