DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်မှလာသည့် ကွန်တိန်နာကားအတွင်းမှ ဘတ်သန်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ 
DVB
·
March 25, 2025
မြန်မာနယ်စပ်မှလာသည့် ကွန်တိန်နာကားအတွင်းမှ ဘတ်သန်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဘက်ကလာတဲ့ ကွန်တိန်နာကားကြီးတစီးထဲကနေ ဘတ်သန်းပေါင်း ၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၈ သန်း၊ အိုက်စ်ဆေး ၇၅၀ ကီလိုဂရမ်နဲ့ ခေတမင်း ၃၀၀ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က မတ် ၂၄ ရက်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းပိုင်းကနေ မြဝတီဘက်ခြမ်းကို သောက်ရေသန့်တွေသွားပို့တဲ့ ကွန်တိန်နာကားကြီး တစီးဟာ အပြန်မှာ ဘာမှမရှိကြောင်း ပြသလိုတဲ့အနေနဲ့  ကွန်တိန်နာ တံခါးတချပ်ကို လှပ်ပြ လာခဲ့တယ်။ အဆိုပါကားဟာ ဒီမတိုင်ခင် မူးယစ်ဆေးနဲ့ပတ်သက်ကြောင်း ကြိုတင်သတင်းရ ထားတဲ့ ကားနဲ့ အလားသဏ္ဌာန်တူတာကြောင့် သတိထားစောင့်ကြည့်နေခဲ့တယ်လို့  နခွန်ဘန် ရဲတပ်ဖွဲ့ တာဝန်ကျရဲမှူးကြီး ဆယမ်ဘွန်းဆုန်က ပြောပါတယ်။

အဲဒီကားဟာ ထိုင်းမြောက်ပိုင်း၊ နခွန်းဆဝမ်မြို့မှာ ရပ်နားစဉ် တာဝန်ရှိသူတွေက ဝင်ရောက် စစ်ဆေးရာမှာ နောက်ခန်းမှာ အံဝှက်တွေ အကန့်လိုက်ပြုလုပ်ထားတယ်၊ အထဲမှာ စိတ်ကြွဆေးပြား ၁၈,၂၀၀,၀၀၀ ပါတဲ့ အိတ် ၁၉ လုံး၊ အိုက်စ်မူးယစ်ဆေးအလေးချိန် ၇၅၀ ကီလိုဂရမ်ပါ အိတ် ၃၀ လုံး၊  ခေတမင်းဆေး အလေးချိန် ၃၀၀ ကီလိုဂရမ်ပါ အိတ် ၁၀ လုံး  စုစုပေါင်း တန်ဖိုး ဘတ် သန်းပေါင်း ၉၀၀ ကျော် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး   ယာဉ်မောင်း  နိုင်းဖိစနု ( အသက် ၃၈ နှစ်) အန်ထောင်းဇာတိ နဲ့  နိုင်းနာ့ဿ်ဝုဒ် (၂၆ နှစ်) စမွတ်စခွန်းသား တို့နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

နိုင်းဖိစနုက သူဟာ အခကြေးငွေယူပြီး အဲဒီပစ္စည်းတွေကို မြန်မာနယ်စပ်က သယ်လာခဲ့တယ်၊ ဘန်ကောက်ကို ပို့ပေးဖို့ဖြစ်တယ်၊ ယခင်က ဆယ်ဘီးကား ကုန်တင်ကားမောင်းတဲ့အလုပ်ကို လုပ်ခဲ့ တယ်၊ ဒီလိုမူးယစ်ဆေးတွေ သယ်ဆောင်ပေးတာကတော့ ဒုတိယအကြိမ်ဖြစ်တယ်လို့ ဖွင့်ဟ ဝန်ခံသွားပါတယ်။ 

Source # Police TV , Thai PBS News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013