DVB Logo
Home
နိုင်ငံတကာ
Earth Hour တွင် ကမ္ဘာတလွှား အထိမ်းအမှတ်နေရာများတွင် အမှောင်ချ
DVB
·
March 23, 2025
Earth Hour တွင် ကမ္ဘာတလွှား အထိမ်းအမှတ်နေရာများတွင် အမှောင်ချ
Donate to DVB

Earth Hour အထိမ်းအမှတ်အဖြစ် မတ် ၂၂ ရက်နေ့က ကမ္ဘာတလွှားမှာရှိတဲ့ မြို့ကြီးတွေက အထိမ်းအမှတ် နေရာတွေမှာ သက်ဆိုင်ရာ ဒေသစံတော်ချိန်အလိုက် ည ၈ နာရီခွဲမှာ မီးအမှောင်ချခဲ့ကြပါတယ်။

World Wildlife Fund (WWF) က နှစ်စဉ် ပြုလုပ်တဲ့ ဒီလှုပ်ရှားမှုဟာ ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းအတွက် အလျင်အမြန် အရေးတယူလုပ်ဖို့လိုတယ်ဆိုတာကို ဖော်ပြတာဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ပြဿနာတွေကို သတိပြုမိစေဖို့လည်း ရည်ရွယ်တာ ဖြစ်ပါတယ်။  

ဩစတြေးလျက ဆစ်ဒနီအော်ပရာဟောက်စ်၊ စင်ကာပူက  Gardens by the Bay၊ ထိုင်းနိုင်ငံ ဘန်ကောက်က Wat Arun ဘုရားကျောင်း၊ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ဘရန်ဒန်ဘာ့ဂျ်ဂိတ် (Brandenburg Gate)၊ ရောမက သမိုင်းဝင် ဂလက်ဒီယေတာ သတ်ပုတ်ပွဲတွေ ကျင်းပခဲ့ရာ Colosseum ဟင်းလင်းပွင့်အားကစားရုံ၊ ဗြိတိန်က London Eye ရဟတ်ကြီးတို့မှာ သက်ဆိုင်ရာ စံတော်ချိန်အလိုက် ည ၉ နာရီခွဲမှာ မီးမှိတ်ခဲ့ပါတယ်။  

ဘရန်ဒန်ဘာ့ဂျ်ဂိတ်မှာ စုရုံးခဲ့ကြသူတွေက လူးဝစ်အမ်းစထရောင်းရဲ့ "What a Wonderful World"၊  ဂျွန်လီနွန်ရဲ့ Imagine သီချင်းတွေပါ သီဆိုခဲ့ကြပါတယ်။  

Earth Hour လှုပ်ရှားမှုကို ၂၀၀၇ ခုနှစ်က ဩစတြေးလျမှာစတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာတလွှား ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။  

ကမ္ဘာကို အမှီပြုနေကြရတဲ့လူတိုင်း၊ ကမ္ဘာကြီးအတွက် အကောင်းဖြစ်စေမဲ့ အရာတခုခု၊ သစ်ပင်စိုက်တာပဲဖြစ်ဖြစ်၊ စွမ်းအင်သုံးစွဲမှုလျှော့ချတာပဲဖြစ်ဖြစ် မိနစ် ၆၀ လောက် လုပ်ဆောင်ပြီးတော့ ပါဝင်ဆင်နွှဲနိုင်ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013