DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာတဝန်း အထိမ်းအမှတ်အဆောက်အအုံများ Earth Hour လှုပ်ရှားမှုတွင် ပါဝင်
DVB
·
March 24, 2024
ကမ္ဘာတဝန်း အထိမ်းအမှတ်အဆောက်အအုံများ Earth Hour လှုပ်ရှားမှုတွင် ပါဝင်
Donate to DVB

ရာသီဥတု ပြောင်းလဲလာမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အများပြည်သူ သတိပြုမိစေဖို့ ရည်ရွယ်တဲ့အနေနဲ့ မတ် ၂၃ ရက်မှာ ကမ္ဘာတဝန်းက အထိမ်းအမှတ် အဆောက်အအုံတွေ တစ်နာရီကြာ မီးမှိတ်ပြီး Earth Hour လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ 

သက်ဆိုင်ရာ နိုင်ငံအလိုက်၊ မတ်လ ၂၃ ရက်နေ့ ဒေသစံတော်ချိန် ည ၈ နာရီခွဲကနေ ၉ နာရီခွဲ အတွင်း အထိမ်းအမှတ် အဆောက်အအုံတွေရဲ့ အပြင်ဘက် အလှဆင်မီးတွေ၊ မလိုအပ်တဲ့မီးတွေကို ပိတ်ပြီး ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။ 

တစ်ဦး တစ်ယောက်ချင်း၊ လုပ်ငန်းတစ်ခုချင်းအနေနဲ့လည်း ပါဝင်ဆင်နွှဲမှုတွေ ရှိခဲ့ပါတယ်။ ပြင်သစ်က အီဖယ်တာဝါ၊ ဩစတြေးလျက ဆစ်ဒနီအော်ပရာဟောက်စ်၊ ဆစ်ဒနီ ဆိပ်ကမ်းတံတား၊ ဟောင်ကောင်က ဝိတိုရိယဆိပ်ကမ်း၊ ဂျပန်က တိုကျိုတာဝါတို့မှာ အပြင်ဘက်မီးတွေ မှိတ်ပြီး Earth Hour ကို ပါဝင်ဆင်နွှဲကြပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီက အက်ရှာဒမ်ဘုရားကျောင်း၊ မွမ်ဘိုင်းက ချက်ထရာပတီး ရှီဗာဂျီး ဘူတာရုံ၊ စပိန်နိုင်ငံ ဘာစီလိုနာက ဆာဂရာဒါ ဖမ်မလီယာ ရဲတိုက်၊ ရောမက ကိုလိုစီယံ အမိုးပွင့်ဇာတ်ရုံ၊ ဂရိရဲ့ ပါသီနွန်ဘုရားကျောင်းနဲ့ အခရိုပိုးလစ်က ဘုရားကျောင်းတွေမှာလည်း Earth Hour ကို ပါဝင်ဆင်နွှဲကြပါတယ်။ 

ကိုယ့်စံတော်ချိန်အရ ည ၈ နာရီခွဲမှာ လုပ်ကြတာဖြစ်လို့ နောက်အကျဆုံးထဲမှာ အထင်ရှားဆုံးကတော့ အမေရိကန်က အင်ပါယာစတိတ် အဆောက်အအုံ ဖြစ်ပါတယ်။ ဒီမီးပိတ်ပွဲမှာ နိုင်ငံပေါင်း ၁၉၀ ကျော်မှာ လူသန်းချီ ပါဝင်ဆင်နွှဲမယ်လို့  ဒီလှုပ်ရှားမှုကို စတင်ဖို့ နှိုးဆော်တဲ့ World Wide Fund (WWF) က ခန့်မှန်းထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013