DVB Logo
Home
နိုင်ငံတကာ
ထရန်းဒီအာရဂွါဂိုဏ်းနှင့် ဆက်နွှယ်မှုမရှိဟု ပြည်နှင်ဒဏ်ပေးခံရသည့် ဗင်နီဇွဲလားမိ သားစုများ ပြော 
DVB
·
March 23, 2025
ထရန်းဒီအာရဂွါဂိုဏ်းနှင့် ဆက်နွှယ်မှုမရှိဟု ပြည်နှင်ဒဏ်ပေးခံရသည့် ဗင်နီဇွဲလားမိ သားစုများ ပြော 
Donate to DVB

အမေရိကန်ကနေ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ပြည်နှင်ဒဏ်ပေးခံခဲ့ရပြီး အယ်လ်ဆာဗေဒေါနိုင်ငံရှိ လုံခြုံရေးမြင့်မားတဲ့ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေဟာ ထရန်းဒီအာရဂွါဂိုဏ်းနဲ့ ပတ်သက်ဆက်နွှယ်မှုမရှိတဲ့အကြောင်း ပြည်နှင်ဒဏ်ခံရသူတွေရဲ့ ဆွေမျိုးတွေက ပြောပါတယ်။

သူတို့ခန္ဓာကိုယ်မှာ တက်တူးတွေထိုးထားတာရှိပေမဲ့ သူတို့ဟာ ပြစ်မှုမှတ်တမ်းလည်း မရှိကြောင်း အခုခေတ်မှာ လူတိုင်းမှာတက်တူးတွေ ရှိနေပြီး တက်တူး ထိုးထားတိုင်း ထရန်းဒီ အာရဂွါဂိုဏ်းဝင်တွေ မဟုတ်ကြောင်း၊  တက်တူး ထိုးထားတဲ့သူတိုင်းကို ဂိုဏ်းဝင်တွေလို့ တံဆိပ်မကပ်သင့်ကြောင်းလည်း ပြောကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ၁၇၉၈ ခုနှစ် နိုင်ငံသားမဟုတ်သူများ ထိန်းချုပ်ရေးအက်ဥပဒေအရ  ဗင်နီဇွဲလားမှ ထရန်းဒီအာရဂွါ ဂိုဏ်းဝင်တွေကို ပြည်နှင်ဒဏ် ပေးခွင့်ပြုခဲ့တာပါ။

အမေရိကန်အာဏာပိုင်တွေဟာ ခန္ဓာကိုယ်မှာ တက်တူးထိုးထားသူတွေဟာ ထရန်းဒီ အာရဂွါဂိုဏ်းနဲ့ အချိတ်အဆက်ရှိတယ်လို့ သတ်မှတ်လေ့ရှိတာလည်း ဖြစ်ပါတယ်။ 

ပြည်နှင်ဒဏ်အပို့ခံရသူ ဝီလ်ချီရီနောစ် ရိုမယ်ရိုရဲ့ မိခင်ဟိုဆယ်ဖှီနာ ရိုမယ်ရိုက “သူတို့ချစ်ခင်ရတဲ့သူတွေမှာ တက်တူးတွေ ထိုးထားပေမဲ့ အပြစ်မရှိကြပါဘူး”လို့ ပြောပါတယ်။

ပြည်နှင်ဒဏ်ပေးခံရတဲ့ အိစ်ကေဘဲလ်ပယ်နာလို့ဇာရဲ့ဖခင် ကားလော့စ်ပယ်နာလို့ဇာကလည်း "တကယ်လို့ အယ်လ်ဆာဗေဒေါကို သွားခေါ်လို့ရရင်၊ သူတို့ကလည်း ပြန်မပို့ပေးဘူးဆိုရင် ကိုယ့် သားကိုယ် သွားရှာပြီး ခြေဗလာနဲ့ဖြစ်ဖြစ် ပြန်ခေါ်လာချင်တယ်"လို့ မျက်ရည်တွေကိုထိန်းရင်း ပြောပါတယ်။

အမေရိကန်ကနေ ပြည်နှင်ဒဏ်ပေးခံထားရတဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတွေကို  အယ်လ်ဆာဗေဒေါအစိုးရနဲ့ သဘောတူညီချက်အရ အယ်လ်ဆာဗေဒေါမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ထိန်းသိမ်းခံနေရတဲ့ မိသားစုတွေကတော့ သူတို့တွေကို ဗင်နီဇွဲလားနိုင်ငံကို ပြန်ပို့ပေးဖို့ အယ်လ်ဆာဗေဒေါ သမ္မတ နာယစ်ဘ်ဘူကီလီထံမှာ  တောင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013