DVB Logo
Home
မြန်မာသတင်း
ပြည်ပပို့ကုန်မြှင့်တင်ရေး ပို့ကုန်မဟာဗျူဟာ ရေးဆွဲရန် စစ်ကောင်စီ ပြင်ဆင်
DVB
·
March 23, 2025
ပြည်ပပို့ကုန်မြှင့်တင်ရေး ပို့ကုန်မဟာဗျူဟာ ရေးဆွဲရန် စစ်ကောင်စီ ပြင်ဆင်
Donate to DVB

နိုင်ငံတကာ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေ ကြုံတွေ့နေရသလို တဖက်မှာလည်း နယ်စပ်ဒေသတွေ ဆုံးရှုံးထားတာကြောင့် နယ်စပ်ကုန်သွယ်ရေး ကျဆင်းနေချိန်မှာ စစ်ကောင်စီဟာ ပြည်ပပို့ကုန်မြှင့်တင်ရေးအကောင်အထည်ဖော်မယ့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ကို ရေးဆွဲသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅)  ရဲ့ သက်တမ်းက  မကြာခင် ပြီးစီးတော့မှာ ဖြစ်တာမို့ အဲဒီကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစီမံချက်တွေအပေါ် ဆန်းစစ်ပြီး လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖြည့်စွက်ထားတဲ့ လုပ်ငန်းစီမံချက်တွေကို  အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) မှာ ထည့်သွင်း ရေးဆွဲသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီကို ဖွဲ့စည်းပြီး ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်ခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ လျာထားချက်ရှိခဲ့ပေမဲ့ ၂၀၂၅ မတ် ၁၂ ရက်အထိ ၂၅ ဒသမ ၇၉၃ ဘီလီယံသာ ပြည့်မီနိုင်ခဲ့တယ်လို့  မတ် ၁၈ ရက်က ပြုလုပ်တဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး မှတ်တမ်းအရ သိရပါတယ်။

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ ပြည်ပို့ကို တင်ဖို့နိုင်မယ့် ထုတ်ကုန်တွေအတွက် ကုန်ကြမ်းတွေရှိနေပြီး ‌မြန်မာနိုင်ငံ ပတ်ဝန်းကျင်မှာ လူဦးရေ ၄ ဘီလီယံလောက် ရှိတာကြောင့်  ဖိနပ်ထုတ်ရောင်းရင်တောင် ‌ဈေးကွက်အလားအလာရှိကြောင်း၊ စီးပွားရေးမှာ ရှာရှာကြံကြံလုပ်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာမှာ မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ” မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013