
ဘရာဇီးအသင်းအတွက်ကစားရင်း ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့ ဂိုးသမား အလစ်ဆန်ဘက်ကာရဲ့ အခြေအနေဟာ စိုးရိမ်းစရာမရှိကြောင်း ဘရာဇီးအသင်းဆရာဝန်လက်စ်မာက ပြောပါတယ်။
အလစ်ဆန်ဟာ ကိုလံဘီယာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဆန်းချက်ဇ်နဲ့ ခေါင်းချင်းယှဉ် တိုက်မိပြီး ဒဏ်ရာရရှိခဲ့တာပါ။
သတိလစ်သွားနိုင်တဲ့အခြေအနေအထိရှိခဲ့တာကြောင့် ချက်ချင်း လူစားလဲခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ အလစ်ဆန်ရဲ့ ဦးခေါင်းဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးရမှာဖြစ်ပေမဲ့ သတိလစ်တာနဲ့ မှတ်ဉာဏ်ပျောက်ဆုံးသွားတဲ့အထိ မဖြစ်ဘဲ အခြေအနေကောင်းမွန်ကြောင်း ဘရာဇီးအသင်းဆရာဝန်ကပြောပါတယ်။
ဂိုးသမားအလစ်ဆန်အနေနဲ့ ဒဏ်ရာကို စစ်ဆေးကုသခံယူအပြီး ဘရာဇီးအသင်းကနေ နုတ်ထွက်ပြီး လီဗာပူးအသင်းဆီ ပြန်လာမယ်လို့သိရပါတယ်။
Photo : Reuters










