DVB Logo
Home
အားကစား
အင်္ဂလန်ပွဲဦးထွက်ပွဲစဉ်၌ ဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် လူးဝစ်စကယ်လီ စံချိန်သစ်တင် 
DVB
·
March 22, 2025
အင်္ဂလန်ပွဲဦးထွက်ပွဲစဉ်၌ ဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် လူးဝစ်စကယ်လီ စံချိန်သစ်တင် 
Donate to DVB

အင်္ဂလန်နောက်ခံလူ လူးဝစ်စကယ်လီဟာ လက်ရွေးစင်အသင်းနဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ဘယ်နောက်ခံလူဟာ  အသက် ၁၈ နှစ် နဲ့ ၁၇၆ ရက်နဲ့ အင်္ဂလန်အတွက် ပွဲဦးထွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်က အသက် ၁၈ နှစ်၊ ၂၀၉ ရက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မားကပ်ရှ် ရက်ရှ်ဖို့ဒ်ရဲ့ စံချိန်တင်ထားတဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၆ လလောက်ကမှ အာဆင်နယ် ယူ-၂၁ အသင်းမှာပါဝင်ကစားနေတဲ့ လူးဝစ်စကယ်လီဟာ  အသင်းကြီးမှာ နေရာရရှိလာပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတာပါ။

ပွဲဦးထွက်ပွဲစဉ်မှာပဲ ဂိုးသွင်းနိုင်ခဲ့သလို အင်္ဂလန်နည်းပြနဲ့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ ချီးကျူးမူ ခံခဲ့ရတာပါ။

နည်းပြရဲ့ ယုံကြည်မှုကို စွမ်းဆောင်ရည်နဲ့ သက်သေပြသနိုင်ခဲ့တဲ့အပေါ် ကျေနပ်မိပြီး ဖော်ပြစရာ စကားလုံးမရှိလောက်အောင် ပျော်ရွှင်မိကြောင်း အယ်လ်ဘေးနီးယားကို  ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရအပြီးမှာ လူးဝစ်စကယ်လီက ပြောပါတယ်။ 

Photo : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013