DVB Logo
Home
မြန်မာသတင်း
သင်္ကြန်အတွက်  ဧရာဝတီတိုင်း ကမ်းခြေများ၌ ဟိုတယ်အခန်းကြိုတင်မှာသူများပြား
DVB
·
March 22, 2025
သင်္ကြန်အတွက်  ဧရာဝတီတိုင်း ကမ်းခြေများ၌ ဟိုတယ်အခန်းကြိုတင်မှာသူများပြား
Donate to DVB

တိုက်ပွဲကြောင့် လာရောက်အပန်းဖြေသူမရှိသလောက်ဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်းမှာရှိတဲ့ ချောင်းသာနဲ့ ငွေဆောင် ပင်လယ်ကမ်းခြေတွေမှာ လာမယ့် သင်္ကြန်ရုံးပိတ်ရက်တွေအတွက် ဟိုတယ်အခန်းကြိုတင်မှာယူတာ များနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအနီးမှာ အာရက္ခတပ်တော် (AA) နဲ့  စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဖြစ်ခဲ့လို့  ခရီးသွားမရှိသလောက်အထိဖြစ်ခဲ့ရပြီး အခုအချိန်မှာတော့ ခရီးသွားတွေ ပြန်ဝင်နေတာဖြစ်ပါတယ်။

လာမယ့်အခါ သင်္ကြန်ကာလ အားလပ်ရက်မှာလည်း အပန်းဖြေအနားယူဖို့အတွက် ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေက ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာတွေမှာ ၉၅ ရာခိုင်နှုန်း ကျော်အထိ ဟိုတယ်အခန်း ကြိုတင်မှာယူတာတွေရှိနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ခရီးသွားလုပ်ငန်းအသင်းတာဝန်ရှိသူတယောက်က ''ဧရာဝတီကမ်းခြေတွေကို ပုံမှန်ရက်တွေထက် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ခရီးသွား ဧည့်သည်တွေလာတာများ နေတယ်။ လက်ရှိလာမယ့် သင်္ကြန်ကာလအားလပ်ရက် အပန်းဖြေဖို့အတွက်ဆိုပြီး ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းကြိုတင်မှာယူတာတွေများတယ်” လို့ ပြောပါတယ်။

ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေနဲ့ ချောင်းသာကမ်းခြေခရီးစဉ်တွေနဲ့ ဆက်စပ်ပြီး ခရီးသွားဧည့်သည်တွေလည်ပတ်နိုင်ဖို့အတွက် သစ်တောဦးစီးဌာနက  ဆင်စခန်းတွေနဲ့ ပေါင်းစပ်ကာ မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်းစတဲ့ စိတ်ဝင်စားစရာ နေရာတွေကိုလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

ဟိုတယ် လုပ်ငန်းရှင်တယောက်က “အခုကမ်းခြေတွေမှာ ခရီးသွားတွေလာနေတယ်ဆိုပေမဲ့ တိုက်ပွဲမဖြစ်ခင်လောက်အချိန်ကိုမမီသေးပါဘူး။ လက်ရှိကမ်းခြေတွေတော့ ရန်ကုန်တိုင်းဘက်က အလာများနေတယ်။ သင်္ကြန်ကာလ အပန်းဖြေဖို့ဟိုတယ်တွေမှာအခန်း ဘွတ်ကင်ယူတဲ့သူတွေ တော်တော်များနေတာ။ သတင်းကျွတ်ကာလတုန်းက ဟိုတယ်တွေကော၊ တည်ခိုခန်း တွေပါ ပြည့်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေဟာ စစ်တပ်အာဏာမသိမ်းခင်က ပြည်တွင်းပြည်ပခရီးသွားတွေ အများဆုံးလာရောက်တဲ့ ကမ်းခြေတွေဖြစ်ပြီး လတ်တလော အနေနဲ့ ချောင်းသာကမ်းခြေမှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာ ၂၆ အလုံး၊ ငွေဆောင်ကမ်းခြေမှာ ၃၂ လုံးနဲ့ ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီကမ်းခြေတွေမှာ ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပင်လယ်စာအမျိုးအမျိုးနဲ့ လက်ဆောင်ပစ္စည်းအမျိုးအမျိုးကို ဆိုင်ခန်းတွေဖွင့်လှစ်ရောင်းချပေးနေပြီး မြင်းစီးအပန်းဖြေချင် သူတွေ၊ မော်တော်ဘုတ်စီးအပန်းဖြေတာတွေ၊ ဘောကွင်းစီး အပန်းဖြေချင်သူတွေအတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013