DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း စက်သုံးဆီဈေးကျ၊ ဒေါ်လာဈေး တက်ရိပ်ပြ 
DVB
·
March 21, 2025
ပြည်တွင်း စက်သုံးဆီဈေးကျ၊ ဒေါ်လာဈေး တက်ရိပ်ပြ 
Donate to DVB

မြန်မာပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေ သီတင်း ၃ ပတ်ဆက်တိုက် ပြန်ဆင်းလာပြီး  ဓာတ်ဆီ 92 Ron တလီတာကို ကျပ် ၃,၀၀၀ အောက် ပြန်‌ကျလာပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ဒီကနေ့ ဈေးနှုန်း ထုတ်ပြန်ချက်အရ သီတင်းပတ် ၃ ပတ်အတွင်းမှာ ဓာတ်ဆီ တလီတာကို ကျပ် ၂၄၀၊ ဒီဇယ် တလီတာကို ကျပ် ၁၆၀ နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၁၉၅ ကျပ် အသီးသီး ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။

အသေးစား စက်သုံးဆီရောင်းဝယ်ရေး လုပ်ကိုင်သူတယောက်က “ဒေါ်လာဈေးကျတဲ့အရှိန်နဲ့ စက်သုံးဆီဈေးက ဒီရက်ပိုင်း ဖြည်းဖြည်းချင်း ပြန်ကျလာတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ၄,၈၀၀ ကျပ် ရှိခဲ့တဲ့ တဒေါ်လာ ငွေလဲနှုန်းက ၄,၃၈၀ ကျပ်အထိ ဆက်တိုက်ပြန်ဆင်းခဲ့ပြီး အခုရက်ပိုင်းမှာတော့ ၄,၄၁၀ ကျပ်ကို အနည်းငယ် ပြန်တက်ရိပ်ပြနေပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ကတော့ စက်သုံးဆီတင်သွင်းဖို့အတွက် သန်းချီတဲ့ဒေါ်လာတွေကို မကြာမကြာ ထုတ်ရောင်းလေ့ရှိပြီး မတ် ၁၈ ရက်ကလည်း အမေရိကန်‌ဒေါ်လာ ၃၃ သန်းကို ထုတ်ရောင်းချပေးထားတယ်လို့ ဗဟိုဘဏ်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဗဟိုဘဏ်က အထည်ချုပ်လုပ်ငန်းတွေကရတဲ့ နိုင်ငံခြားငွေတွေကို သွင်းကုန်လုပ်ငန်းရှင်တွေဆီ တရက်ကို ပျမ်းမျှ ၂ ဒသမ၂ သန်းလောက် ထုတ်ရောင်းပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013