DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ ကုလသမဂ္ဂရုံးနေရာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ
DVB
·
March 20, 2025
ဂါဇာရှိ ကုလသမဂ္ဂရုံးနေရာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ
Donate to DVB

ဂါဇာစီးတီးအလယ်ပိုင်းရှိ ကုလသမဂ္ဂရုံးနေရာမှာ မတ် ၁၉ ရက်က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း နိုင်ငံခြားသားတယောက် သေဆုံးပြီး တခြား ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂရုံး ပရောဂျက်ဝန်ဆောင်မှုဆိုင်ရာ အမှုဆောင်ဒါရိုက်တာ ယော်ရ်ယီ မိုရိုက်ရာဒါဆေးလ်ဗားက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြန်လည်စတင်ခဲ့ပြီး ဒေသခံတွေကို တိုက်ခိုက်ရေးဇုန်တွေကနေ ရွှေ့ပြောင်းကြဖို့ အမိန့်အသစ်ထုတ်ပြန်ခဲ့တဲ့ အစ္စရေးစစ်တပ်ဟာ ဒေရ် အလ်ဘားလားရှိ ကုလသမဂ္ဂခြံဝင်းကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာချက်ကို ငြင်းဆိုခဲ့ပါတယ်။

ဒါဆေးလ်ဗား ကတော့ ကုလသမဂ္ဂဌာနဝင်းဟာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ ကောင်းကောင်း သိရှိကြတဲ့ ပဋိပက္ခလျော့ပါးရေးဇုန်မှာ တည်ရှိနေတာဖြစ်ပြီး သူ့အမြင်အရ ဒါကို မတော်တဆဖြစ်ရပ်လို့ ခွဲခြားပြောလို့မရကြောင်း ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဘယ်လို အမြောက်လက်နက် အမျိုးအစားကို အသုံးပြုခဲ့တယ်ဆိုတာကို မသိရသေးကြောင်းနဲ့ ဒါကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မြေပြင်စစ်ဆင်ရေးတွေ ပြန်စတင်နေပြီလို့ အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး ပါလက်စတိုင်း ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013