DVB Logo
Home
နိုင်ငံတကာ
ကာ့စ်ခ်ဒေသမှ အရပ်သားများကို ကယ်ထုတ်ခဲ့ဟု ရုရှား ပြော
DVB
·
March 17, 2025
ကာ့စ်ခ်ဒေသမှ အရပ်သားများကို ကယ်ထုတ်ခဲ့ဟု ရုရှား ပြော
Donate to DVB

ရုရှားနိုင်ငံ အနောက်ဘက် ကာ့က်စ်ဒေသမှာ မကြာသေးမီက ယူကရိန်းလက်အောက်ကနေ လွတ်မြောက်လာခဲ့တဲ့ ဆူဇာနဲ့ ခါဇက်ယာ လော့ခညာက မြို့တွေက အရပ်သားတွေကို ရုရှား တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ခဲ့တဲ့ ဗီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဗီဒီယိုရိုက်ကူးတဲ့ နေရာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဝန်ကြီးဌာနက သတင်းအချက်အလက် ပေးမထားပါဘူး။

၃ နှစ်ကြာ ယူကရိန်းစစ်ပွဲရဲ့ အထူးခြားဆုံးတိုက်ပွဲတခုမှာ ယူကရိန်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သြဂုတ်လက ရုရှားနိုင်ငံ အနောက်ပိုင်းနယ်စပ် ကာ့က်စ်ခ်ဒေသကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ၁၉၄၁ နာဇီကျူးကျော်မှုနောက်ပိုင်း ရုရှားပိုင်နက်ကို အကြီးမားဆုံးတိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ အခုလအတွင်း လျှပ်တပြက်ထိုးစစ်ကြောင့် ယူကရိန်းထိန်းချုပ်မှုအောက်က ဧရိယာဟာ ၄၂ စတုရန်းမိုင်အထိ လျော့ကျခဲ့ပါတယ်။

မနှစ်က ယူကရိန်းအစိုးရကပိုင်တဲ့ ၅၂၈ စတုရန်းမိုင်ထက် လျော့လာတာလို့ open source မြေပုံတွေက ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံအနောက်ပိုင်း ကာ့က်စ်ခ်ဒေသရဲ့ အဓိကမြို့ဖြစ်တဲ့ ဆူဇာကို ရုရှားတပ်ဖွဲ့တွေက ပြန်သိမ်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၃ ရက်မှာ ပြောပါတယ်။

ဥရောပဆီပို့မယ့် ရုရှားဓာတ်ငွေ့အတွက် အခုရပ်ထားတဲ့ မီတာတိုင်းတာရေးစခန်းရှိရာ မြို့ကို ပြန်သိမ်းနိုင်တာဟာ ရုရှားအတွက် သိသာထင်ရှားတဲ့ အကျိုးအမြတ်တခုပါ။

ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံစလုံးက စစ်မြေပြင်မြေပုံတွေထဲမှာ ကာ့က်စ်ခ်ဒေသထဲက ရုရှားနယ်စပ်နားမှာ တပ်စွဲထားတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ ၂ ခုကို ပြထားပါတယ်။

ရုရှားက အဲဒီဒေသမှာ မိုင်းအမြောက်အမြားကို ရှင်းလင်းနေတယ်လို့ ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013