
အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ ပါလ်မာရဲ့နေရာမှာ နော်တင်ဟမ်ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်ကို ပြန်လည်အစားထိုး ခေါ်ယူခဲ့ပါတယ်။
နည်းပြတူဟယ်ဟာ အသင်းနဲ့ ပူးပေါင်းနိုင်ခြင်းမရှိတဲ့ ပါလ်မာနေရာအတွက် နောက်ဆုံးကစားခဲ့တဲ့ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ဂစ်ဘ်ဝှိုက်ကို ပြန်လည်ရွေးချယ်ခဲ့တာပါ။
ပါလ်မာဟာ နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် လက်ရွေးစင်နဲ့ မပူးပေါင်းနိုင်ခဲ့တာက နားချိန်ပိုရပြီး ခြေစွမ်းကောင်းကို ပြန်လည်ရရှိနိုင်မယ့် အခွင့်အရေး ဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် နိုင်ငံတကာရက်သတ္တပတ်မှာ အယ်လ်ဘေးနီးယား၊ လတ်ဗီးယား အသင်းတွေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။