
အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ဟာ အင်္ဂလန်အသင်းမှာ ပြန်လည်ကစားဖို့ ဆန္ဒရှိကြောင်း နည်းပြ သောမတ်စ်တူဟယ်က ပြောသွားပါတယ်။
ညာနောက်ခံကစားသမားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း လက်ထောက်နည်းပြနဲ့ စကားများခဲ့တာကြောင့် အသင်းလူစာရင်းကနေ ထွက်ခွာခဲ့သူပါ။
အဲဒီနောက် ပြီးခဲ့တဲ့နှစ်အထိ အင်္ဂလန်အသင်းမှာ ဆက်ကစားဖို့ ငြင်းဆန်ခဲ့ပြီး နည်းပြသစ်တူဟယ် လက်ထက်မှာ ပြန်လည်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဘန်ဝှိုက်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အာဆင်နယ်ရဲ့ပွဲစဉ် ၂၁ ပွဲအထိ လွဲချော်ခဲ့ပြီး အင်္ဂလန်အသင်းမှာ ရွေးချယ်ဖို့ စောလွန်းနေသေးကြောင်း နည်းပြတူဟယ်က ပြောပါတယ်။
ဘန်ကို ပြန်လည်ဖျောင်းဖျပြီး ဆွေးနွေးပြောဆိုခွင့်ရလို့ ဂုဏ်ယူမိပြီး သူဟာ အသင်းမှာ ပြန်လည်ကစားချင်တဲ့ ဆန္ဒရှိကြောင်း၊ ပွဲကစားချိန်မိနစ်ပိုရလာမယ်ဆိုရင် ဘန်ဝှိုက်ကို ပြန်လည်ရွေးချယ်မှာဖြစ်ကြောင်း နည်းပြတူဟယ်က ပြောသွားပါတယ်။