DVB Logo
Home
အားကစား
ကမ္ဘာ့ဖလားအတွက် ကစားသမား ၆၀ အထိ စောင့်ကြည့်ရွေးချယ်မည်ဟု အင်္ဂလန်နည်းပြ ပြော
DVB
·
November 19, 2025
ကမ္ဘာ့ဖလားအတွက် ကစားသမား ၆၀ အထိ စောင့်ကြည့်ရွေးချယ်မည်ဟု အင်္ဂလန်နည်းပြ ပြော
Donate to DVB

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ကစားသမားအယောက် ၆၀ လောက်အထိ စောင့်ကြည့်ပြီး ရွေးချယ်မှာဖြစ်ကြောင်း အင်္ဂလန်နည်းပြတူဟယ်က ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ ၈ ပွဲစလုံး အနိုင်ရခဲ့ပြီး ပေးဂိုးလည်း တဂိုးမှမရှိဘဲ ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။

အကောင်းဆုံးစွမ်းဆောင်ရည် ရရှိနေတဲ့တိုင် ကမ္ဘာ့ဖလားအတွက် လူစာရင်းရွေးချယ်ရာမှာတော့ ကစားသမား အယောက် ၅၀ ကနေ ၆၀ လောက်အထိ ဆက်သွယ် စောင့်ကြည့်သွားမှာဖြစ်ပြီး ဒါက အင်္ဂလန်နည်းပြတယောက်ရဲ့ အလုပ်ဖြစ်တယ်လို့ နည်းပြတူဟယ်က ပြောပါတယ်။

အလက်ဇန်းဒါးအာနိုးလ်လို ကစားသမားလို လူစာရင်းမှာ မပါဝင်ခဲ့တဲ့သူတွေ အယောက် ၆၀ လောက်စာရင်းရှိပြီး အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ဘာတွေ လုပ်ဆောင်ဖို့ လိုသလဲဆိုတာအပါအဝင် ခြေစွမ်းတိုးတက်မှုတွေရှိဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကိုပါ အကြံပေးဆွေးနွေးခဲ့ကြောင်းလည်း နည်းပြတူဟယ်က ပြောပါတယ်။

လက်ရှိအင်္ဂလန်အသင်းမှာ မပါဝင်တဲ့ ကစားသမားတွေထဲမှာ လုခ်ရှော၊ ဝေါ်ကာ၊ မက်ဂွဲယားတို့လို ဝါရင့်ကစားသမားတွေအပြင် အသင်းနဲ့ ကင်းကွာနေတဲ့ကြာမြင့်နေတဲ့ ဘရိုက်တန်က ဒမ်နီဝဲလ်ဘက် လို ကစားသမားတွေလည်း ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013