
မြောက်ကိုရီးယားအစိုးရက မြို့တော် ပြုံယမ်းမှာ ကျောင်းသားတွေရဲ့ သိပ္ပံစိတ်ကူးယဉ် ပုံစံတူပြပွဲတခုကို ဖွင့်လှစ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇွန်လ ၃ ရက်မှာ ဖော်ပြပါတယ်။
ကျောင်းသားတွေက စိတ်ကူးယဉ်မြို့တွေရဲ့ အသေးစား ပုံစံတူ မိုဒယ်တွေကနေ စစ်သင်္ဘောနဲ့ လေယာဉ်တင်သင်္ဘော ပုံစံတူ မိုဒယ်လ်တွေအထိ ကြည့်နေတာကို မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းဌာန KCNA က ထုတ်လွှင့်သွားပါတယ်။
၂၀၂၆ ခုနှစ် ကလေးတွေရဲ့ သိပ္ပံစိတ်ကူးယဉ် ပုံစံတူတွေနဲ့ တီထွင်မှု အမျိုးသားပြပွဲကို ကိုရီးယားကလေးများသမဂ္ဂ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် သိပ္ပံနည်းပညာ အဆောက်အအုံမှာ ဇွန် ၂ ရက်က စတင် ခင်းကျင်းပြသခဲ့တာပါ။
အသက် ၁၇ နှစ်အရွယ် ဟန်ဆီယောင်းက “ပိုမိုစွယ်စုံရ စက်ရုပ်တွေကို တီထွင်ခြင်းအားဖြင့် ကျနော်တို့နိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်တဲ့ပုံစံနဲ့ ပံ့ပိုးကူညီမယ်” လို့ ပြောပါတယ်။
သိပ္ပံစိတ်ကူးယဉ်ပုံစံတွေနဲ့ တီထွင်မှုအမျိုးအစား ၃၄၀ ကျော်ကို ပြသထားတယ်လို့ ဆိုရှယ်လစ်မျိုးချစ်လူငယ် အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဌာန ညွှန်ကြားရေးမှူး နမ်ချိုးယုံက KCNA သတင်းဌာနကို ပြောပါတယ်။
Source: Reuters










