DVB Logo
Home
နိုင်ငံတကာ
“ဂါဇာကနေ ဘယ်ပါလက်စတိုင်းကိုမှ မောင်းမထုတ်ပါဘူး” - ဒေါ်နယ်ထရမ့်ပ်
DVB
·
March 13, 2025
“ဂါဇာကနေ ဘယ်ပါလက်စတိုင်းကိုမှ မောင်းမထုတ်ပါဘူး” - ဒေါ်နယ်ထရမ့်ပ်
Donate to DVB

ဂါဇာကနေ ဘယ်ပါလက်စတိုင်းကိုမှ မောင်းမထုတ်ပါဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။

ထရမ့်ပ်ဟာ အိမ်ဖြူတော်မှာ အိုင်ယာလန်သမ္မတ မိုက်ကယ်မာတင်နဲ့ တွေ့ဆုံချိန် ဂါဇာအကြောင်းကို သတင်းထောက်တွေကမေးမြန်းရာမှာ ပြန်လည်ဖြေကြားသွားတာပါ။

ထရမ့်ပ်ဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဇန်နဝါရီလက အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဂါဇာမှာ ပါလက်စတိုင်းတွေ အားလုံးကို ဖယ်ရှားမယ်လို့ ပြောခဲ့ဖူးပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းတွေကို အနည်းဆုံး ယာယီရွှေ့ပြောင်းမှုတွေ ပြုလုပ်သင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မိုက်ကယ်မာတင် ကလည်း ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်နေချိန်မှာ အကူအညီပေးမှုတွေ ပြုလုပ်ဖို့နဲ့ ဖမ်းဆီးခံ ဓားစာခံတွေအားလုံး လွှတ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံဟာ အမေရိကန်နဲ့အတူ ပူးပေါင်းပြီး ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းမှာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း မိုက်ကယ်မာတင်က ပြောကြားခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံဟာ အမေရိကန်နဲ့ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၄၁ ဒသမ ၆ ဘီလီယံ ကုန်သွယ်မှု ပြုခဲ့သလို အမေရိကန်ကလည်း အိုင်ယာလန်နိုင်ငံကို ဒေါ်လာ ၁၈ ဒသမ ၇ ဘီလီယံ ကုန်ပစ္စည်းတင်ပို့မှု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ထရမ့်ပ်က အီးယူနိုင်ငံတွေဟာ အမေရိကန်အပေါ် အမြတ်ထုတ်တယ်လို့ ပြောဆိုခဲ့ဖူးသလို အိုင်ယာလန်လည်း ပါလားလို့ မေးမှုအပေါ် ပါတယ်လို့ ပြောခဲ့ပါတယ်။

ထရမ့်ပ်က “အိုင်ယာလန်အပေါ် ကျနော် အရမ်းလေးစားပါတယ်။ ကျနော်တို့ အိုင်ယာလန်ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မျှတမှုအတွက် လုပ်ဆောင်ရတာကို မာတင် နားလည်ပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်က အီးယူနိုင်ငံတွေအပေါ် အခွန်တိုးမြှင့်ထားတာကြောင့် လာမယ့်လကစပြီး ဒေါ်လာ ၂၈ ဘီလီယံ တန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်းတွေကို အခွန်တိုးမြှင့်မယ်လို့ ဗုဒ္ဓဟူးနေ့မှာ အီးယူနိုင်ငံတွေက ကြေညာထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013